အမေရိကန်တွင် ရထားလမ်းချော်၊ အနည်းဆုံး ၇ ဦးသေ

May 31, 2015

တက္ကဆက် အရေးပေါ်အခြေအနေ ကြေညာချက် အိုဘားမား လက်မှတ်ထိုး

မုန်တိုင်းဘေး၊ ရေဘေးကြောင့် လူ ၂၁ ယောက်ထက် မနည်း သေဆုံးခဲ့ရတဲ့ တက္ကဆက်ပြည်နယ် သဘာဝကပ်ဘေး အရေးပေါ် ကြေညာချက်ချက် ထုတ်ပြန်တဲ့ အမိန့်စာကို သမ္မတ အိုဘားမား လက်မှတ်ထိုးလိုက်ပါတယ်။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မြောက်ပိုင်းဒေသမှာ မေ ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ မိုးသက်မုန်တိုင်းကြောင့် မြစ်ရေကြီးပြီး တချို့ နေရာမှာတွေ မိုးရေချိန် ၇ လက်မ အထိ ရွာသွန်းခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူး Greg Abbott ကလည်း နယ်မြေ ၇၀ ကို အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ သမ္မတ အိုဘားမားကိုယ်တိုင်က အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်တဲ့အတွက် ပြန်လည်တည်ဆောက်ရေးမှာ ပြည်ထောင်စု အစိုးရဆီက အထောက်အပံ့ရမှာ ဖြစ်ပါတယ်။ တက္ကဆက်တ၀ိုက်က အပျက်အစီး ပမာဏ အတိအကျကိုတော့ မသိနိုင်သေးပါဘူး။ တက္ကဆက်ပြည်နယ်ထဲက အကြီးဆုံးမြို့ဖြစ်တဲ့ ဒဲလက်စ် (Dallas) မှာ ရေဘေးအခြေအနေ ဆိုးနိုင်သေးလို့ လူတွေ လမ်းပေါ်မထွက်ဘဲ အိမ်မှာနေကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ မေလအတွင်း ရွာသွန်းတဲ့ မိုးရေချိန်ဟာ စံချိန်သစ်တင်ထားပြီ ဖြစ်သလို ဒီရက်ပိုင်းမှာပဲ မုန်းတိုင်း အန္တရာယ်ရှိသေးတယ်လို့ မိုးလေ၀သဌာနက သတိပေးထားပါတယ်။ [gallery ids="95248,95249,95250,95251"]
7 years Ago

May 14, 2015

အမေရိကန်တွင် ရထားလမ်းချော်၊ အနည်းဆုံး ၇ ဦးသေ

အမေရိကန် ပြည်ထောင်စု ဖိလစ်ဒဲဖီးယားမှာ အမ်ထရပ် ရထား ၁၈၈ လမ်းချော်တဲ့ အတွက် အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရသွားပါတယ်။ မေ ၁၂ ရက်ညက ဖြစ်ပွားခဲ့တဲ့ ဒီမတော်ဆမှုဟာ သတ်မှတ်အရှိန်ထက် ၂ ဆ ပိုမောင်းတာကြောင့် အခုလို ဖြစ်တာလို့ လုံခြုံရေး ကျွမ်းကျင်သူတွေကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာ ရေးပါတယ်။ ၁ နာရီကို ၅၀ မိုင်နှုန်း မောင်းနှင်ရမယ့် လမ်းကြောင်းပေါ်မှာ ၁၀၆ မိုင်နှုန်းနဲ့ မောင်းနှင်ခဲ့ပြီး အရေးပေါ် ဘရိတ်ကို နင်းလိုက်တဲ့အတွက် လမ်းချော် တိမ်းမှောက်သွားတယ်လို့ ဆိုပါတယ်။ အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံရေး ဘုတ်အဖွဲ့က ရောဘတ် ဆန်ဝေါလ်က အရှိန်ကို ထိန်းချုပ်တဲ့ စနစ်တွေကို ဒီလမ်းကြောင်းပေါ်မှာ မတပ်ရသေးတဲ့ အတွက် ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။ “ဒီစနစ်ကို ဒီလမ်းကြောင်းပေါ်မှာ တပ်ထားရင် ဒီမတော်တဆမှုက ဖြစ်မှာ မဟုတ်ဘူးလို့ ခံစားရတယ်” လို့ သူက ပြောပါတယ်။ အရှိန်ကို မှတ်တမ်းထင်ထားတဲ့ ဘလက်ဘော့စ်ကိုလည်း အပျက်အစီးတွေကြား ရှာဖွေတွေ့ ရှိခဲ့ပြီ ဖြစ်သလို ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။ ရထားလမ်းချော်တဲ့ အချိန်မှာ ခရီးသည် ၂၃၈ ဦးနဲ့ ရထားမောင်းသမား ၅ ဦး လိုက်ပါစီးနင်းလာတယ်လို့ ဆိုပါတယ်။
7 years Ago
Up