အမေရိကန်တွင် မုန်တိုင်းကြောင့်

March 22, 2018

အမေရိကန်တွင် မုန်တိုင်းဝင်ရောက်နိုင်သဖြင့် ဒေသခံများ ဘေးကင်းရာရွှေ့ရန် ညွှန်ကြား

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းကို ဦးတည်ပြီး မတ်လ ၂၁ ရက်နေ့က အင်အားပြင်း မုန်တိုင်းတခု ဦးတည်လာနေတာကြောင့် ဆန်တာဘာဘရာစီရင်စုမှာ မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။ ဒီမုန်တိုင်းဟာ အခုသီတင်းပတ်အတွင်းမှာ ဆန်တာဘာဘရာစီဒေသဆီ တည့်တည့်ဝင်ရောက်ဖို့ ရှိနေပါတယ်။ လတ်တလောမှာတော့ မိုးသည်းပြီး ရေလျှံမှုကြောင့် ရွှံ့မြေပြိုမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်မှုအနေနဲ့ ဆန်တာဘာဘရာက ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ မတ်လ ၂၀ ရက်နေ့မှာ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကတော့ အဲဒီဒေသမှာ ရွှံ့မြေပြိုမှုကြောင့် လူ ၂၁ ဦးသေဆုံးပြီး အမြောက်အမြား ဒဏ်ရာရခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

March 4, 2018

အမေရိကန်တွင် မုန်တိုင်းကြောင့် ၇ ဦးသေ၊ အိမ်ထောင်စု ၂ သန်းကျော် လျှပ်စစ်ပြတ်တောက်

အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းမှာ မတ်လ ၃ ရက်က မုန်တိုင်း ရိုင်လေ ၀င်ရောက်ခဲ့တာကြောင့် ကလေး ၂ ဦး အပါအ၀င် အနည်းဆုံး လူ ၇ ဦး သေဆုံးပါတယ်။ သစ်ပင် ကျိုးကျမှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး  အိမ်ထောင်စု ၂ သန်းကျော်ဟာလည်း  လျပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရပါတယ်။ မုန်တိုင်းရိုင်လေဟာ နယူးယောက်နဲ့ နယူးဂျာဆီပြည်နယ်တို့ကို ၀င်ရောက်ခဲ့လို့ အဲဒီ ပြည်နယ်တွေမှာ ဆီးနှင်း အလွန်အမင်း ကျဆင်းရင်း လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။ မက်ဆာချူးဆက် ပြည်နယ်မှာလည်း လှိုင်းကြီးလေထန်ခဲ့ပြီး ကမ်းရိုးတန်းနေ ပြည်သူတွေအဖို့ စိုးရိမ်ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ ဒီအတွက် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် အယောက်၂၀၀ ကျော် ကယ်ဆယ်ရေးလုပ်နေပြီး လူ ၁၈ ,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ဗာဂျီးနီးယားနဲ့ မေရီလန်း ပြည်နယ်တွေတွေရဲ့ အရှေ့ဘက် ကမ်းရိုးတန်းဒေသမှာ လေပြင်းတိုက်ပြီး မိုးကြီးနိုင်တာကြောင့် မတ်လ ၂ ရက်နေ့မှာ အရေးပေါ် အခြေအနေကို ထုတ်ပြန်ခဲ့ပါတယ်။ မတ်လ ၄ ရက်နေ့မှာတော့ မုန်တိုင်းပြီးဆုံးသွားခဲ့ပြီး လေတိုက်နှုန်း ပြန်လည် တည်ငြိမ်လာခဲ့တယ်လို့ အမေရိကန် အမျိုးသား မိုးလေ၀သဌာနကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up