အမေရိကန်တွင် ဘက်ခမ်း ဘောလုံးကွင်းဆောက်ရန် အတည်ပြု

July 18, 2015

ဘက်ခမ်း အမေရိကန်တွင် ဘောလုံးကွင်းဆောက်ရန် အတည်ပြု

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါက မီယာမီမာလင်စ် ဘေ့စ်ဘောကွင်းဘေးမှာ ဘောလုံးကွင်းတည်ဖောက်ဖို့ အင်္ဂလန် လက်ရွေးစင်ဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ သူရဲ့ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတို့ အတည်ပြုချက်ရရှိသွားပါတယ်။ ဘက်ခမ်းရဲ့ လက်တွဲဖော်တဦးဖြစ်တဲ့ မာဆယ်လို ကလော်ရေးကတော့ မီယာမီ မြို့တော်ဝန်ကို သူတို့ အုပ်စုက ရည်ရွယ်ချက်ကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဘောလုံးကွင်းကို ကမ်းနားပိုင်းမှာ ဆောက်ဖို့တော့ အငြင်းပယ်ခံခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်က လူ ၂ သောင်းခွဲဆန့်တဲ့ ဘောလုံးကွင်း တည်ဆောက်ဖို့ ဘက်ခမ်းရဲ့အဆိုပြုချက်ဟာ ငြင်းပယ်ခံရပါတယ်။ ဒါပေမယ့် ဘက်ခမ်းကတော့ သူရဲ့ စီမံကိန်းအပေါ်ယုံကြည်နေဆဲ ဖြစ်သလို နှောင့်နှေးကြန့်ကြာမှုဟာ ဒေါသထွက်စရာကောင်းပေမယ့် ဖြစ်လာနိုင်တယ်လို့ ဖေဖော်ဝါရီက ပြောဆိုခဲ့ပါတယ်။ ၂၀၀၇-၁၂ အထိ ဘက်ခမ်းဟာ အမေရိကန် မေဂျာလိဂ်က အယ်လ်အေ ဂလက်ဆီ အသင်းမှာ ကစားခဲ့ပါတယ်။
6 years Ago
Up