အမေရိကန်တွင် ပန်းခြံထဲ လေယာဉ်တစီး ပျက်ကျမှု စုံစမ်း (ရုပ်သံ)

A d v e r t i s e m e n t With Us

October 15, 2015

အမေရိကန်တွင် ပန်းခြံထဲ လေယာဉ်တစီး ပျက်ကျမှု စုံစမ်း (ရုပ်သံ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မြို့စွန်ရပ်ကွက်ထဲက ပန်းခြံထဲကို  အောက်တိုဘာလ ၁၂ ရက်နေ့က လေယာဉ်အသေးတစီး ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းကို ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။ ဒီမတော်တဆမှုကြောင့် လူအတော်များများ သေဆုံးပြီး ရွေ့လျား အိမ် ၂ လုံး မီးလောင် ပျက်စီးပါတယ်။ ရဲနဲ့ မီးသတ်အရာရှိတွေက သေဆုံးသူအရေအတွက်ကို အတည်ပြုနိုင်သေး ပါဘူး။ မီဒီယာ အမျိုးမျိုးကတော့ လူ ၂ ယောက်ကနေ ၃ ယောက်ထိ သေဆုံးတယ်လို့ အစီရင်ခံနေပါတယ်။ ကြက်ခြေနီအဖွဲ့က အရေးပေါ် အကူအညီပေးခဲ့တယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ အမျိုးသားသယ်ယူပို့ဆောင်မှု ဘေးကင်းရေးဘုတ်အဖွဲ့က စုံစမ်းစစ်ဆေးသူတွေက အောက်တိုဘာလ ၁၄ ရက်နေ့ မနက်မှာ အခင်းဖြစ်ရာကို လာရောက်စစ်ဆေးခဲ့ကြပါတယ်။
5 years Ago
Up