အမေရိကန်တွင် တညအတွင်း လူ

May 29, 2017

အမေရိကန်တွင် တညအတွင်း လူ ၈ ဦးအား ပစ်သတ်ခံသူကို ဖမ်းမိပြီ

အမေရိကန်နိုင်ငံ၊ မစ္စ္စစ္စပီပြည်နယ်၊ လင်ကွန်းမြို့နယ်ထဲက မတူညီတဲ့ နေရာ ၃ ခုမှာ တညအတွင်း လူ ၇ ဦးနဲ့ ရဲအရာရှိ ၁ ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ တရားခံကို ဖမ်မိထားပြီလို့ မေလ ၂၈ ရက်မှာ ရဲက ကြေညာခဲ့ပါတယ်။
အဲဒီတရားခံဟာ အဖမ်းခံရပြီးနောက် ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် ထိမှန်ခဲ့တဲ့ ဒဏ်ရာတွေကို ဆေးရုံမှာ ကုသနေပါတယ်လို့ မစ္စစ္စပီပြည်နယ်ရဲ့ ပြည်သူ့လုံခြုံရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရသူ ရဲအရာရှိဟာ လင်ကွန်းမြို့နယ် ရဲဌာနမှာ တာဝန်ထမ်းဆောင်နေတာ ၂ နှစ်ရှိပြီဖြစ်ပြီး မေလ ၂၇ ရက်နေ့ညမှာ အရေးပေါ် ဖုန်းခေါ်ဆိုမှုတခုကြောင့် သွားရောက်ဖြေရှင်းရာမှာ အသတ်ခံရတာလို့ သိရပါတယ်။
အသတ်ခံရသူ ရဲအရာရှိ သွားရောက်ကူညီခဲ့တဲ့ အိမ်က အမျိုးသမီး ၃ ဦးလည်း အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီကနေမှ တရားခံဟာ နောက်ရပ်ကွက်တခုကို သွားပြီး ကောင်လေး ၂ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ရဲဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
နောက်တနေရာမှာ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို ပစ်သတ်ခဲ့တာဖြစ်ပြီး နောက်ဆုံး အသတ်ခံရတဲ့ အမျိုးသားနဲ့ အမျိုးသမီးဟာ ဘယ်သူတွေ ဆိုတာ မသိသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
 
4 years Ago
Up