အမေရိကန်တွင် ခရီးဆောင်အိတ်အတွင်း ဆယ်ကျော်သက်အမျိုးသမီးအလောင်း တွေ့ရှိ

A d v e r t i s e m e n t With Us

April 8, 2016

အမေရိကန်တွင် ခရီးဆောင်အိတ်အတွင်း ဆယ်ကျော်သက်အမျိုးသမီးအလောင်း တွေ့ရှိ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် စန်တီယေဂိုမြို့က ဟိုတယ်တခုနားမှာ ရှာတွေ့တဲ့ ခရီးဆောင်အိတ်တလုံးထဲမှာ ဆယ်ကျော်သက် အမျိုးသမီးတဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ရဲတွေက ဧပြီ ၇ ရက်နေ့က ပြောပါတယ်။ ဒီအမျိုးသမီး ဘယ်သူဘယ်ဝါ ဆိုတာနဲ့ ဘယ်လိုသေဆုံးတယ်ဆိုတာ သိဖို့ စုံစမ်းစစ်ဆေးသူတွေက ကြိုးစားနေပါတယ်။ အမှိုက်ပုံနားမှာ ချထားတဲ့ ကြီးမားတဲ့ အနက်ရောင် ခရီးဆောင်အိတ်ထဲက အမျိုးသမီးရဲ့ အလောင်းကို ဟိုတယ်လုပ်သားတဦးက တွေ့ရှိခဲ့တာလို့ စန်တီယေဂို ရဲဌာနက ဆိုပါတယ်။ အလောင်းမှာ ဒဏ်ရာ မတွေ့ရဘဲ သေဆုံးရတဲ့ အကြောင်းရင်းကို သိဖို့ ဧပြီ ၇ ရက်နေ့ နှောင်းပိုင်းမှာ ရင်ခွဲစစ်ဆေးဖို့ စီစဉ်ထားပါတယ်။ သေနတ်နဲ့ ပစ်တာ၊ ဓားနဲ့ ထိုးတာတွေ ရှိပုံမရဘူးလို့ ရဲက ပြောပေမယ့် စုံစမ်းစစ်ဆေး သူတွေကတော့ ဒီအမှုကို လူသတ်မှုအဖြစ် သက်သေခံမယ့် မျက်မြင်သက်သေတွေ ရှာနေပါတယ်။ အမျိုးသမီး လူပျောက်တိုင်ထားတဲ့ အစီရင်ခံစာတွေနဲ့ အလောင်းကို တိုက်ဆိုင်စစ်ဆေးမှာလည်း ဖြစ်ပါတယ်။ အလောင်းကိုတွေ့တဲ့ နေရာဟာ စန်ဒီယေဂိုမြို့လယ်နားက စီးပွားရေးအရ အချက်ချာကျတဲ့နေရာဖြစ်ပြီး ဘေးမကင်းတဲ့ အကြမ်းဖက်နေရာအဖြစ် သတ်မှတ်မထားဘူးလို့ ဆိုပါတယ်။
5 years Ago
Up