အမေရိကန်တွင် ကုန်တင်ကားကို ရထားတစီးဖြတ်တိုက်သည့်ရုပ်သံ ရဲတပ်ဖွဲ့ ထုတ်ပြန်

January 26, 2017

အမေရိကန်တွင် ကုန်တင်ကားကို ရထားတစီးဖြတ်တိုက်သည့်ရုပ်သံ ရဲတပ်ဖွဲ့ ထုတ်ပြန်

အမေရိကန်ပြည်ထောင်စု ယူတားပြည်နယ်မှာ ကုန်တင်ကားတစီးကို ရထားတစင်းက အရှိန်နဲ့ ခါးကနေ ဖြတ်တိုက်မိတဲ့ ဗွီဒီယိုကို မြောက်ဆော့တ်လိတ်က် (Salt Lake) ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ဆီးနှင်းတွေ တအားကျနေချိန်မှာ ဒေသခံရဲကားက ရိုက်ကူးမိခဲ့တာဖြစ်ပြီး ရထားပေါ်ကလူတွေကတော့ အနည်းအကျဉ်းပဲ ဒဏ်ရာရရှိခဲ့ကြပါတယ်။ ရထားဖြတ်သန်းချိန်မှာ ကားလမ်းတားဂိတ်ကို ချထားတာလည်း မရှိသလို အချက်ပြမီးတွေနဲ့ ခေါင်းလောင်းတွေလည်း ပျက်နေတယ်လို့ ရထားကုမ္ပဏီ ယူတားသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ပြောပါတယ်။ ရာသီဥတုဆိုးရွားလို့ အခုလို ဂိတ်အချက်ပြစနစ်တွေ ပျက်နေတာ ဖြစ်နိုင်တယ်လို့ ကုမ္ပဏီက ပြောဆိုပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေကြပါတယ်။
4 years Ago
Up