အမေရိကန်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေသူ နှစ် ၃၀ အတွင်း အမြင့်ဆုံးရောက်

April 23, 2016

အမေရိကန်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေသူ နှစ် ၃၀ အတွင်း အမြင့်ဆုံးရောက်

အမေရိကန် ပြည်ထောင်စုမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ နှုန်းဟာ နှစ်ပေါင်း ၃၀ အတွင်းမှာ အမြင့်ဆုံး ရောက်ရှိသွားပြီလို့ အစီရင်ခံစာက ထုတ်ပြန်ပါတယ်။ လူဖြူ လူလတ်ပိုင်းပိုင်းတွေအကြားမှာ သတ်သေတဲ့နှုန်း ပိုမိုများလာတယ်လို့လည်း ဧပြီ ၂၃ ရက် ရောဂါ တားဆီးကာကွယ်ရေး ဆင်တာ (စီဒီစီ)က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အခြေအနေက ၁၃ ရာခိုင်နှုန်းထိမြင့်ပြီး လူဦးရေအားဖြင့် ၁ သိန်း နီးပါးအထိ ရှိလာတာဟာ ၁၉၈၆ ခုနှစ် နောက်ပိုင်းမှာ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ်က စီးပွားရေး ဆုတ်ယုတ်မှုနဲ့ မူးယစ်ဆေးတွေပါဝင်တဲ့ ဆေးတွေကို မတော်တရော် အသုံးပြုတာတွေက သတ်သေတဲ့နှုန်း မြင့်မားလာစေတဲ့ အချက်တွေလို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။ ၀င်ငွေနဲ့ ပညာရေး အခြေအနေတွေကလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း လျော့ကျအောင် လုပ်ဆောင်နိုင်တဲ့ အချက်တွေ မဟုတ်ဘူးလို့ ဆိုပါတယ်။ တက္ကသိုလ်ပညာ မသင်ယူဖူးတဲ့သူတွေ အကြား သတ်သေမှုနှုန်းက အများဆုံးဖြစ်တယ်လို့ အရင် လေ့လာချက်က တွေ့ရှိခဲ့ရပါတယ်။
6 years Ago
Up