အမေရိကန်တပ်က ကာ့ဒ်စစ်ဝတ်စုံဖြင့် ထိုးစစ်ဆင်သည့်အပေါ် တူရကီ ပြစ်တင်

May 29, 2016

အမေရိကန်တပ်က ကာ့ဒ်စစ်ဝတ်စုံဖြင့် ထိုးစစ်ဆင်သည့်အပေါ် တူရကီ ပြစ်တင်

တူရကီနိုင်ငံက သူပုန်တွေလို့ သတ်မှတ်ထားတဲ့ ကာဒ့်တပ်ဖွဲ့စစ်ဝတ်စုံနဲ့ တံဆိပ်တွေကို အမေရိကန်အထူးတပ်ဖွဲ့တွေ ၀တ်ဆင်ပြီး၊ ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ အိုင်အက်စ် အကြမ်း ဖက် ထိုးစစ်ဆင်နေကြတာကို တူရကီသမ္မတက မေ ၂၈ ရက်နေ့က အပြင်းအထန် ပြစ်တင်ခဲ့ပါတယ်။ ဒီဆီးရီးယားကာဒ့်နဲ့ အီရတ်ကာဒ့်တပ်ဖွဲ့တွေဟာ အိုင်အက်စ်အကြမ်းဖက်တွေကို ရှေ့တန်းက ထိုးစစ်ဆင်နေတဲ့ အမေရိကန်ရဲ့ မဟာမိတ်တပ်ဖွဲ့တွေ ဖြစ်ကြပါတယ်။ အမေရိကန်စစ်တပ်ကတော့ ဒီ ကာဒ့်တပ်ဖွဲ့ စစ်တံဆိပ်တွေကို မ၀တ်ဆင်ကြဖို့ မေ ၂၇ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ ပြောဆိုပါတယ်။ အခုလို ကာဒ့်တပ်ဖွဲ့တံဆိပ်တွေကို အမေရိကန် အထူးတပ်ဖွဲ့တွေ ၀တ်ဆင်တိုက်ခိုက်နေတာကို တူရကီနိုင်ငံက အပြင်း အထန် ရှုံ့ချလိုက်တယ်။ ဒါဟာ တူရကီနိုင်ငံကို အမေရိကန်က ပေးထားတဲ့ကတိ မဟုတ်ဘူးလို့ တူရကီသမ္မတ အာဒိုဝမ်က ဒေါသတကြီး ပြောဆိုခဲ့ပါတယ်။ “အခုလို ၀တ်ဆင် တိုက်ခိုက်ခွင့် အမေရိကန်အထူးတပ်ဖွဲ့တွေကို ညွှန်ကြားထားတာမရှိဘူး။ နိုင်ငံရေးအရ အထိအခိုက်မခံတဲ့အချိန်မှာ အခုလို အမေရိကန်အထူးတပ်ဖွဲ့တွေ ၀တ်ဆင်တာဟာ မသင့်တော်ဘူး” လို့ အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်တပ်ပြောခွင့်ရက ၀န်ခံပြောဆိုပါတယ်။ ဆီးရီးယားကာဒ့်တပ်ဖွဲ့တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ် ဆိုတာကိုတော့ အမေရိကန်နိုင်ငံက လူသိရှင်ကြား တရားဝင်ပြောဆိုထားတာ ရှိပေမယ့် အခုလို ဓmတ်ပုံတွေ တက်လာတာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။  
6 years Ago
Up