အမေရိကန်စွပ်စွဲ

September 15, 2018

မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှု လျော့ကျစေရန် ရုရှားလုပ်နေဟု အမေရိကန်စွပ်စွဲ

မြောက်ကိုရီးယားအပေါ် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေ လျော့ကျအာင်  ရုရှားဟာ တက်တက်ကြွကြွ လုပ်ဆောင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၁၄ ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက “ရုရှားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို သေးသိမ်အောင် တက်တက်ကြွကြွကြိုပမ်းနေတယ်။  အဲဒီ ဆုံးဖြတ်ချက် ဝေါဟာရ အသုံးအနှုန်းတွေကို ပြောင်းလဲပစ်ဖို့ ကြိုးပမ်းပြီး အရေးယူပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ ၁၇၁၈ ခုနှစ် ကော်မတီရဲ့ ဆောင်ရွက်ချက်ကို ရုရှားဟာ ယုတ်လျော့အောင် လုပ်ဆောင်နေတယ်” လို့ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟယ်လီက ရုရှားကို ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ချိုးဖောက်မှုတွေကို ဖုံးဖိဖို့ကြိုးပမ်းနေတယ်လို့ စွပ်စွဲ ပြီးနောက်မှာ နိုင်ငံခြားရေးဝန်ကြီး ပွန်ပေယိုက ပြောကြားတာလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ရရှိဖို့ အရေးပါတယ်လို့လည်း ပွန်ပေယိုက ပြောကြားခဲ့ပါတယ်။
3 years Ago
Up