အမေရိကန်က ထိုင်ဝမ်ကို လက်နက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၃ ဘီလျံဖိုး ရောင်းချမှုအတွက် တရုတ်အစိုးရက ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဒါ့အပြင် တရုတ်အစိုးရကရော လုပ်ငန်းရှင်ကြီးတွေကပါ ထိုင်ဝမ်ကို လက်နက်ရောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ စီးပွားရေးဆက်ဆံမှု ဖြတ်တောက်မယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟုန်းလေက ပြောပါတယ်။
ဒီလက်နက်ရောင်းမှုကို ဖျက်သိမ်းဖို့ တရုတ်က အမေရိကန်ကို ဆော်သြခဲ့ပါတယ်။
ထိုင်ဝမ်အတွက် လက်နက်ရောင်းချမှုထဲမှာ ကင်းစောင့်စစ်သင်္ဘော ၂ စီး၊ တင့်ဖျက်ဒုံးကျည်တွေ၊ ကုန်းရေ ၂ တန်သွား ယာဉ်တွေနဲ့ တခြား လက်နက်ကိရိယာတွေ ပါပါတယ်။
လက်နက်ရောင်းချမှုအကြောင်း သမ္မတအိုဘားမားရဲ့ အစိုးရက အောက်လွှတ်တော်ကို ဒီဇင်ဘာ ၁၆ ရက်နေ့က တရားဝင် အသိပေး အကြောင်းကြားခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ တရုတ်ဆီက စိတ်ဆိုးမယ့် တုံ့ပြန်မှုကို အစဆွဲလိုက်တာပါ။
အိမ်ဖြူတော်ကတော့ တရုတ်တနိုင်ငံတည်း မူဝါဒနဲ့ ပတ်သက်ပြီး အမေရိကန်က ကာလကြာရှည် ရပ်တည်မှု မပြောင်းလဲခဲ့ဘူးလို့ ပြောပါတယ်။
အရင်ကလည်း အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချမှုအတွက် တရုတ်က ပြင်းပြင်းထန်ထန် ဝေဖန်နေလေ့ရှိပါတယ်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ လက်နက်အသစ်တွေကို နှစ်နဲ့ချီပြီး အဆင့်ဆင့် တိုးတက်အောင်လုပ်မယ်၊ ထိုင်ဝမ်ကို စိတ်ချရတဲ့ ကာကွယ်ရေးတိုးတက်မှုနဲ့ ပြုပြင်ထိန်းသိမ်းမှု လုပ်နိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
7 years Ago