အမေရိကန်ကအလိုရှိနေသည့် မက္ကဆီကိုမူးယစ်ရာဇာကို ဖမ်းမိပြီ

July 12, 2015

မက္ကဆီကို ထိပ်တန်း မူးယစ်ရာဇာ ထောင်ဖောက်ပြေး

မက္ကဆီကို ၏နိုင်ငံက ထိပ်တန်း မူးယစ်ရာဇာ ဂျိုကွင်း ဂတ်ဇ်မန်ဟာ လုံခြုံရေး ထူထပ်စွာချထားတဲ့ အကျဉ်းထောင်ထဲကနေ လွတ်မြောက်သွားတယ်လို့ အရာရှိတွေက ပြောပါတယ်။ မက္ကဆီကို အမျိုးသားလုံခြုံရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဇွန် ၁၁ ရက် အက်တီပလာနိုထောင် ရေချိုးခန်းမှာ ဂတ်ဇ်မန်ကို နောက်ဆုံးတွေ့ခဲ့ရတာလို့ ပြောပါတယ်။ ဒါဟာ ဂတ်ဇ်မန် အတွက် ဒုတိယအကြိမ် ထောင်ကနေ လွတ်မြောက်သွားတာ ဖြစ်ပါတယ်။ မက္ကဆီကိုမြို့နားရှိ ထောင်က သူ့အခန်းကို အရာရှိတွေ သွားရောက်စစ်ဆေးရာကနေ လွတ်မြောက်သွားတယ်ဆိုတာ သိခဲ့ရတာပါ။ ရှာဖွေရေးတွေ လုပ်ဆောင်နေပြီး အနီးနားလေဆိပ်က လေယာဉ်ပြေးဆွဲမှုကို ရပ်တန့်ထားပါတယ်။ ဂတ်ဇ်မန်ဟာ အမေရိကန်ကို မူးယစ်ဆေးဝါး အမြောက်အမြား ထင်သွင်းတဲ့ ဆီနာလိုအာအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဂတ်ဇ်မန်ကို ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် မက္ကဆီကို အစိုးရက ချီးကျူး ခံခဲ့ရပါတယ်။ ၂၀၀၁ ခုနှစ်ကလည်း လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားတဲ့ ထောင်ကနေ လာဘ် စားတဲ့ အရာရှိတွေက ထောင်အပြင်ဘက် ရောက်အောင် ဂတ်ဇ်မန်ကို ခိုးထုတ်ခဲ့ပါတယ်။ ဂတ်ဇ်မန်ဟာ ၁၉၉၃ ခုနှစ်က ဂွါတီမာလာမှာ အဖမ်းခံရပြီး ထောင်ဒဏ် အနှစ် ၂၀ ကျော် ကျခံနေရတာလည်း ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့လည်း အမေရိကန်က သူကို စွပ်စွဲထားတာ ဖြစ်ပါတယ်။
6 years Ago
Up