အဖော်ကွဲ အာဖရိကမြင်းကျားတကောင်ကို ခြင်္သေ့က ခုန်အုပ်တိုက်ခိုက်

January 26, 2017

အဖော်ကွဲ အာဖရိကမြင်းကျားတကောင်ကို ခြင်္သေ့က ခုန်အုပ်တိုက်ခိုက် (ရုပ်သံ)

အာဖရိက မြင်းကျားတွေဟာ အုပ်စုဖွဲ့ သွားလာနေထိုင်လေ့ရှိကြပြီး အမြင်အာရုံ စူးရှတယ်လို့ သိထားကြသလို အရောင်တွေကိုတောင် ခွဲခြားနိုင်စွမ်းရှိကာ ရန်သူကို လှမ်းမြင်နိုင်တဲ့ အမြင်စွမ်းရည်တွေ ရှိကြပါတယ်။ သူတို့ဟာ ရန်မူတိုက်ခိုက်လေ့ရှိတဲ့ သတ္တဝါမျိုး မဟုတ်ဘဲ မြက်ပင်တွေနဲ့ သစ်ဥသစ်ဖုတွေကိုသာ စားသုံးလေ့ရှိကြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အုပ်စုထဲကနေ ကွဲထွက်လာပြီး ခြင်္သေ့နဲ့ ပက်ပင်းတိုးကာ တိုက်ခိုက်ခံခဲ့ရတဲ့ မြင်းကျားတကောင်ရဲ့အဖြစ်ကို တွေ့ကြရမှာပါ။ အဲဒီမြင်းကျားဟာ အုပ်စုထဲမှ တကောင်တည်း ကွဲထွက်ကျန်နေခဲ့ချိန် ခြင်္သေ့ရဲ့ အလစ်အငိုက် တိုက်ခိုက်ခံခဲ့ရတာပါ။ ခြင်္သေ့ဟာ ရုတ်တရက်ပဲ မြင်းကျားရဲ့ခန္ဓာကိုယ်ပေါ်ကို ခုန်အုပ်ပြီး ကိုက်ခဲလိုက်တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ အဲဒီအချိန်မှာ မြင်းကျားဟာ မရုန်းကန်နိုင်ခဲ့ဘဲ မြေပြင်ဆီ လဲကျသွားခဲ့ချိန်မှာတော့ ခြင်္သေ့က သူ့ရဲ့လည်ပင်းကို ကိုက်ခဲပစ်လိုက်ပါတယ်။ သာမန်အားဖြင့်ဆိုရင်တော့ ခန္ဓာကိုယ်အရွယ်အစား မကွာလှတဲ့ ခြင်္သေ့နဲ့ မြင်းကျားတို့ဟာ လက်ရည်တူ တိုက်ခိုက်နိုင်လိမ့်မယ်လို့ ထင်စရာရှိပေမယ့် သဘာဝတရားအရ ခြင်္သေ့ကို အရှုံးပေးခဲ့ရပါတယ်။
5 years Ago
Up