အပေါ်ပိုင်းဗလာချွတ် ကသည့်အမျိုးသမီးကို ထိုင်းရဲများစုံစမ်း

April 16, 2016

အပေါ်ပိုင်းဗလာချွတ် ကသည့်အမျိုးသမီးကို ထိုင်းရဲများစုံစမ်း

သင်္ကြန်မှာ အပေါ်ပိုင်းဗလာချွတ်ကနေတဲ့ အမျိုးသမီးကို အမျိုးသားအုပ်စုက လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်ဖို့ ကြိုးစားခဲ့တဲ့ ဗွီဒီယို ရုပ်သံဖိုင် အင်တာနက်မှာ ပျံ့နှံ့သွားပြီးတဲ့နောက် ရဲတွေကို စုံစမ်းဖို့ ထိုင်းရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲက အမိန့်ပေးလိုက်ပါတယ်။ ၁၅ စက္ကန့်သာရှိတဲ့ ရုပ်သံဖိုင်မှာ တီရှပ်ဝတ် ဦးထုတ်အ၀ါ ဆောင်းပြီး ကခုန်နေတဲ့ အမျိုးသမီးက သူရဲ့ ရင်သားကို ပြသခဲ့ရာမှာ အမျိုးသား ၅ ဦးက ရင်သားကို ကိုင်တွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဧပြီ ၁၃ ရက်က ဖတ်ချဘူရီလမ်းပေါ်က အနားယူအပန်းဖြေတဲ့ အာရ်စီအေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ နောက်တရက်မှာပဲ အပေါ်ပိုင်းအ၀တ်ဗလာ အမျိုးသမီးနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ အမျိုးသားတွေကို စုံစမ်းဖို့နဲ့ လုံခြုံရေး ကင်မရာက အရုပ်တွေကို စစ်ဆေးဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်  စုံစမ်းစစ်ဆေးချက်အရ ရုပ်သံဖိုင်ဟာ အရင်နှစ်ကဟာ ဖြစ်တယ်လို့ မတ်ကာဆန်ရဲတပ်ဖွဲ့ ဌာနမှူးကပြောပါတယ်။ ရုပ်သံဖိုင်ကို တင်တဲ့သူတွေကို စုံစမ်းသူတွေက ရှာဖွေနေသလို ရှုပ်ထွေးမှုတွေ ဖြစ်စေတဲ့ အတွက် တင်တဲ့သူကို တရားစွဲသွားမယ်လို့လည်း ဆိုပါတယ်။
6 years Ago
Up