အပေါ်ပိုင်းဗလာကျင်း

July 3, 2017

လော့ဒ်မောင့်ဘက်တန်မြေးဖြစ်သူ၏ အပေါ်ပိုင်းဗလာကျင်း ဆေးရောင်ခြယ်ရုပ်သံ ရေပန်းစား

အသက် ၄၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အင်ဒီးယားဟစ်ခ်စ် (India Hicks) ဟာ ဂရိမင်းသားရဲ့ အသက် ၅၀ ပြည့် မွေးနေ့ပါတီကို တက်ရောက်ဖို့ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်း အခြေအနေနဲ့ ဆေးရောင်ခြယ်ပြင်ဆင်တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော ရေပန်းစားနေပါတယ်။ အင်ဒီးယားဟစ်ခ်စ်ဟာ ကိုလိုနီခေတ်က မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီး လူးဝစ္စ မောင့်ဘက်တန်ရဲ့ မြေးတော်စပ်သူဖြစ်ပြီး ဝေလမင်းသမီး ဒိုင်ယာနာရဲ့ မင်္ဂလာပွဲတုန်းကလည်း သတို့သမီးအရံအဖြစ် ပါဝင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ညစာစားပွဲပါတီတက်မယ့် ဝတ်စုံကို မဝတ်ဘဲ အဖြူရောင်ဝတ်စုံအဖြစ် ဆေးခြယ်ကာ ဖန်တီးပြင်ဆင်ခဲ့တာကို တွေ့ကြရမှာပါ။ အပေါ်ပိုင်းဗလာကျင်းထားတဲ့ ရင်သားတွေပေါ်မှာ အင်္ကျီအဖြူရောင်အဖြစ် ပုံဖော်ပေးအပြီးမှာတော့ လည်စီးအနက်ရောင်ကိုပါ ဆေးခြယ်ပေးထားခဲ့တာကို တွေ့ရမှာပါ။ တချိန်တုန်းက မော်ဒယ်တဦးအဖြစ်လည်း အသက်မွေးခဲ့ဖူးတဲ့ အင်ဒီးယားဟစ်ခ်စ်ရဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း ပျံ့နှံ့သွားခဲ့တာပါ။ လက်ရှိမှာတော့ သူဟာ ကာလရှည်ကြာ လက်တွဲခဲ့တဲ့ ခင်ပွန်းဖြစ်သူ ဒေးဗစ်ဖလင့်တ်ဝုဒ်၊ ရင်သွေး ၄ ယောက်တို့နဲ့အတူ ဘဟားမားစ်ပြည်နယ်မှာ နေထိုင်နေတာ ဖြစ်ပါတယ်။
5 years Ago
Up