အပျော်လှေစီးခရီးစဉ်အတွင်း အသားစားငါးမန်းဖြူကြီး ဖမ်းမိ (ရုပ်သံ)

A d v e r t i s e m e n t With Us

December 4, 2016

အပျော်လှေစီးခရီးစဉ်အတွင်း အသားစားငါးမန်းဖြူကြီး ဖမ်းမိ (ရုပ်သံ)

သြစတြေးလျနိုင်ငံအတွင်း အပျော်လှေစီးခရီးထွက်လာတဲ့ ခရီးသွားတွေရဲ့ ငါးမျှားချိတ်မှာ အသားစားငါးမန်းဖြူကြီး မိသွားပြီး ခရီးသွားတွေရဲ့ရှေ့ ထိတ်လန့်စွာ ရေပေါ်ကို ခုန်တက်လာခဲ့ပါတယ်။ ဒီအံ့သြဖွယ်ရာ ရုပ်သံဗွီဒီယိုကို မေရာရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ သတင်းမှာ မြင်တွေ့ရပါတယ်။ ဒီလိုမြင်ရခဲလှတဲ့ မြင်ကွင်းကို သြစတြေးလျနိုင်ငံ လင်ကိုလ်န်ဆိပ်ကမ်းက ကင်မရာက ရိုက်ကူးမိတာပါ။ ခရီးသွားအချို့က ရေအောက်လှောင်အိမ်ထဲမှာ ရှိနေပြီး အချို့ခရီးသွားတွေက လှေပေါ်မှကြည့်ရှုဖို့ အသားစားငါးမန်းဖြူကြီး လှေဆီကို ဦးတည်လာအောင် ငါးမျှားချိတ်ကငါးစာနဲ့ စွဲဆောင်ထားပါတယ်။ ရုတ်တရက် ၄ မီတာအရှည်ရှိတဲ့ ငါးမန်းကြီးက ငါးမျှားချိတ်ကိုဟပ်လိုက်ပြီး ရေအောက်ကနေ ရေပေါ်ကို ဖျတ်ခနဲခုန်တက်လာတဲ့အခါ ကြည့်ရှုနေတဲ့ခရီးသည်တွေက အော်ဟစ်လိုက်ကြပါတယ်။ ငါးမန်းတွေက အရှိန်နဲ့ကူးခတ်လို့ ရေပေါ်ကို ဒီလိုမျိုးရောက်ခဲလှပါတယ်။ ဒါပေမယ့် သူတို့ အစာကိုဖမ်းဖို့လိုတဲ့အခါမှာတော့ ဒီလိုရေပေါ်ကို ရောက်တတ်ပါတယ်။ ခရီးသွားကုမ္ပဏီကလည်း သူတို့ရဲ့ဝက်ဘ်ဆိုက်မှာ ဒွီဗီဒီယိုရုပ်သံကို တင်ထားပြီး “ဒီငါးမန်းကြီးက ကျနော်တို့အဖွဲ့ကို တကယ်အံ့သြသွားစေတယ်” လို့ရေးသားထားပါတယ်။
4 years Ago
Up