အပျော်စီးလှေမှောက်

July 21, 2018

အမေရိကန်တွင် အပျော်စီးလှေမှောက်၊ မိသားစုဝင် ၉ ဦးအပါဝင် ၁၇ ဦး သေဆုံး

အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ် Table Rock Lake ရေကန်အတွင်း အပျော်စီးလှေ မှောက်မှုကြောင့် သေဆုံးသူ ဦးရေ ၁၇ ဦး အထိ ရှိသွားပြီ ဖြစ်ပါတယ်။ ဇူလိုင် ၁၉ ရက်နေ့က လှေမှောက်မှုမှာ တီနာကိုးမန်းဆိုသူ အမျိုးသမီးတဦးဟာ မိသားစုဝင် ၉ ဦးကို ဆုံးရှုံးခဲ့ရပါတယ်။ တီနာကိုးမန်းဟာ သားသမီးအားလုံး၊ ခင်ပွန်းဖြစ်သူနဲ့ ယောက္ခမတွေ အပါအဝင် မိသားစုဝင် ၁၁ ဦး ရှိတဲ့အနက်  ၉ ဦးကို ဆုံးရှုံးခဲ့ရတယ်လို့ တီဗီသတင်းဌာနကို ပြောပြခဲ့တာပါ။ အဲဒီ လှေပေါ်မှာ ခရီးသည် ၃၁ ဦး လိုက်ပါသွားခဲ့ပြီး ကပ္ပတိန်ဖြစ်သူက ခရီးသည်တွေကို သက်ကယ်အင်္ကျီ မဝတ်ဖို့ ပြောခဲ့တယ်လို့ သတင်းဌာနတွေက ဆိုပါတယ်။ အဲဒီ ကပ္ပတိန်ဟာ အသက်ရှင်လွတ်မြောက်ခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ ဘီဘီစီသတင်းအရ သိရပါတယ်။
3 years Ago
Up