အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မြောက်ဘက်က ကျွန်းတွေဆီ သွားရောက်လည်ပတ်တဲ့ အပျော်စီးလှေပေါ်မှာ ဇန်နဝါရီလ ၁ ရက်နေ့က မီးလောင်မှုဖြစ်ပွားပြီး လူ ၅ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
နောက်ထပ် လူပေါင်း ၁၀၀ လောက်ကိုတော့ အရေးပေါ် ကယ်ဆယ်ခဲ့ရပါတယ်။
ဇာရိုအိတ်က်စ်ပရက်စ်လို့ အမည်ပေးထားတဲ့ အပျော်စီးလှေဟာ ဂျကာတာမြောက်ဘက် မူဝါရာ အန်ကဲ ဆိပ်ကမ်းကနေထွက်ခွာပြီး မကြာခင် မီးလောင်မှု ဖြစ်ခဲ့တာပါ။
လှေပေါ်မှာရှိတဲ့ Power Generator ကနေ လျှော့ဖြစ်ပြီး မီးထလောင်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်းပေါင်းများစွာ ဝန်းရံနေတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ လှေပေါ် လူမတန်တဆတင်မှု၊ အသက်ကယ်အင်္ကျီ မလုံလောက်မှုတွေကြောင့် ရေကြောင်းမတော်တဆမှုတွေ မကြာခဏ ဖြစ်လေ့ရှိကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
6 years Ago