အပျော်စီးသင်္ဘောရေကူးကန်တွင်း ၅၅ ပေအမြင့်မှ စွန့်စားဒိုင်ဗင်ထိုးချခဲ့သည့် အမျိုးသမီး

February 6, 2017

အပျော်စီးသင်္ဘောရေကူးကန်တွင်း ၅၅ ပေအမြင့်မှ စွန့်စားဒိုင်ဗင်ထိုးချခဲ့သည့် အမျိုးသမီး (ရုပ်သံ)

အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသမီးတဦးဟာ ပင်လယ်ပြင်တွင်း အပျော်စီးသင်္ဘောတစီးပေါ်မှ ရေကူးကန်တခုထဲကို ၅၅ ပေအမြင့်ကနေ စွန့်စား ဒိုင်ဗင်ထိုးချပြခဲ့ပါတယ်။ ဆက်စ်စီလီ ကာလ်တန် အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ ရေထဲမှာ သင်္ဘောခုတ်မောင်းနေချိန် စွန့်စား ဒိုင်ဗင်ထိုးချပြခဲ့တာဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၅ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သူဟာ ဒိုင်ဗင်ဘုတ်ပေါ်မှာ လက်ကိုဆန့်တန်းထားပြီး သွေးပူလေ့ကျင့်ခန်း လုပ်နေခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ တကယ့်ကို အံ့မခန်းမြင်ကွင်းတခုကို မြင်လိုက်ရတာပါပဲ။ သူဟာ ဒိုင်ဗင်ဘုတ်ပေါ်ကနေ ရုတ်တရက် ရေကူးကန်တွင်းကို ထိုးချခဲ့တာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ကို သင်္ဘောပေါ်ပါ အဖော်ဒိုင်ဗင်သမားတဦးဖြစ်တဲ့ ဆစ်ဒ်နီဘရောင်းက ရိုက်ကူးခဲ့တာဖြစ်ပြီး အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် မျှဝေခဲ့ချိန်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သိန်းခွဲကျော် ရှိခဲ့ပါတယ်။ ဆက်စ်စီလီဟာ ၂၀၁၃ ခုနှစ်က ကမ္ဘာ့ရေပေါ်ရေအောက် အားကစားနည်း (World Aquatics Championships) မှာ ရွှေတံဆိပ်ရရှိထားသူဖြစ်ပြီး သူ့ရဲ့ စွမ်းရည်ပြသနိုင်ဖို့ ပုံမှန်ခရီးထွက်လေ့ရှိတယ်လို့ ဆိုပါတယ်။ အပျော်စီးသင်္ဘောတွေပေါ်မှာ သူတို့ဟာ ၆ လကနေ ၉ လထိ နေထိုင်ကြပြီး စွမ်းရည်ပြ သရုပ်ပြမှုတွေ လုပ်လေ့ရှိကြတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up