အိန္ဒိယနိုင်ငံဟာ ဇန်နဝါရီ ၂၄ ရက်နေ့က ကမ္ဘာ့အပေါ့ဆုံးဂြိုဟ်တုကို ကမ္ဘာပတ်လမ်းအတွင်း လွှတ်တင်ခဲ့ပါတယ်။
အိန္ဒိယ အာကာသ သုတေသနအဖွဲ့ (Isro) က အလေးချိန် ၂ ဒသမ ၆ ပေါင်သာရှိတဲ့ ကယ်လမ်ဆက် V2 ဂြိုဟ်တုကို အန်ဒရာပရာဒေ့ရှ်ပြည်နယ် သျှရီဟယ်ရီကိုတာ အာကာသစခန်းကနေ လွှတ်တင်ခဲ့တာပါ။
အဲဒီဂြိုဟ်တုကို ပုဂ္ဂလိက အာကာသပညာရေးအဖွဲ့က ကျောင်းသားတွေ ပထမဆုံး တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။
Isro အဖွဲ့ အကြီးအကဲ ကေရှီဗန်က ကယ်လမ်ဆက်ဟာ အာကာသအတွင်း လွှတ်တင်သမျှထဲမှာ အပေါ့ဆုံးဂြိုဟ်တု ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီလို ကမ္ဘာ့အပေါ့ဆုံးဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်လိုက်တာနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် နရန်ဒါမိုဒီက အာကာသအေဂျင်စီနဲ့ ကျောင်းသားတွေကို တွစ်တာကနေ ပထမဆုံး ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။
2 years Ago