အေဒင်လေဆိပ်

A d v e r t i s e m e n t With Us

December 31, 2020

ယီမင်နိုင်ငံ အေဒင်လေဆိပ် တိုက်ခိုက်မှုတွင်  ၁၃ ဦး ထက်မနည်း သေဆုံး

ယီမင်နိုင်ငံ အေဒင်လေဆိပ်မှာ ဒီဇင်ဘာလ ၃၀ ရက်က တိုက်ခိုက်မှု တစ်ခုအတွင်း  ၁၃ ယောက် ထက်မနည်း သေဆုံးပြီး ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။  အသစ်ဖွဲ့စည်းလိုက်တဲ့ ဆော်ဒီကျောထောက်နောက်ခံပြု အစိုးရအဖွဲ့ကို တင်ဆောင်လာတဲ့ လေယာဉ် ဆိုက်ပြီး နောက်မှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။  လေယာဉ်ဆိုက်ပြီး မကြာခင်မှာပဲ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေနဲ့ သေနတ်သံတွေကို ကြားရတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။ လေဆိပ်ခန်းမဆောင်အတွင်း မော်တာကျည် ၃ ခု ကျရောက် ပေါက်ကွဲခဲ့တယ်လို့လည်း လုံခြုံရေး သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ လေဆိပ်တိုက်ခိုက်မှု ဖြစ်ပြီး နာရီပိုင်းအကြာမှာတော့ မားရှက်သမ္မတနန်းတော်အနီးမှာ ဒုတိယအကြိမ် ပေါက်ကွဲသံကို ကြားရပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ် မန်းအဗ္ဗဒူမာလစ် အပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ ယီမင်ဆိုင်ရာ ဆော်ဒီသံအမတ်ကြီးကို ဘေးလွတ်ရာ ခေါ်သွားရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။  တိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတာ ထုတ်ဖော် ပြောကြားတာ မရှိဘူးလို့လည်း ရိုက်တာသတင်းမှာ ရေးပါတယ်။ 
2 months Ago
Up