အေဒင်မြို့

August 30, 2019

အေဒင်မြို့ကို ယီမင်အစိုးရ တိုက်ခိုက်မှု လက်တုံ့ပြန်မည်ဟု ခွဲထွက်ရေးသမားများ ပြော

ယီမင်နိုင်ငံတောင်ပိုင်းက ခွဲထွက်ရေးသမားတွေဟာ သူတို့ထိန်းချုပ်ထားတဲ့ အေဒင်မြို့ကို အစိုးရတပ်ဖွဲ့က တိုက်ခိုက်တာနဲ့ ပတ်သက်လို့ လက်တုံ့ပြန်သွားမယ်လို့ သြဂုတ် ၂၉ ရက်နေ့က ကတိပြုပြောကြားလိုက်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြုတဲ့ ယီမင်အစိုးရနဲ့ တောင်ပိုင်းခွဲထွက်ရေး သမားတွေဟာ အရင်က ဟူသီသူပုန်တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ မဟာမိတ်အဖြစ် ပူးပေါင်းခဲ့ကြပေမယ့် အခုလအတွင်း အေဒင်မြို့ကို သိမ်းပိုက်တာနဲ့ ပတ်သက်လို့ နှစ်ဖက်အကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေဟာ ယီမင်မြို့တော် ဆာနာ အပါအဝင် နယ်မြေတော်တော်များများကို ထိန်းချုပ်ထားပါတယ်။ ဟိုဒေးဒါမြို့အစွန်ပိုင်းမှာ စခန်းချနေတဲ့ ခွဲထွက်ရေးသမားတချို့ဟာ ယီမင်အစိုးရတပ်တွေကို တိုက်ခိုက်ဖို့ အေဒင်မြို့ဆီ ချီတက်သွားခဲ့ကြတယ်လို့ တောင်ပိုင်းခွဲထွက်ရေးသမားတွေရဲ့ အကူးအပြောင်းကောင်စီ (STC) က ပြောပါတယ်။
ေအဒင္ၿမိဳ႕ကို ယီမင္အစိုးရ တိုက္ခိုက္မႈ လက္တုံ႔ျပန္မည္ဟု ခြဲထြက္ေရးသမားမ်ား ေျပာ DVB ယီမင္ႏိုင္ငံေတာင္ပိုင္းက ခြဲထြက္ေရးသမားေတြဟာ သူတို႔ထိန္းခ်ဳပ္ထားတဲ့ ေအဒင္ၿမိဳ႕ကို အစိုးရတပ္ဖြဲ႕က တိုက္ခိုက္တာနဲ႔ ပတ္သက္လို႔ လက္တုံ႔ျပန္သြားမယ္လို႔ ၾသဂုတ္ ၂၉ ရက္ေန႔က ကတိျပဳေျပာၾကားလိုက္ပါတယ္။ ႏိုင္ငံတကာအသိအမွတ္ျပဳတဲ့ ယီမင္အစိုးရနဲ႔ ေတာင္ပိုင္းခြဲထြက္ေရး သမားေတြဟာ အရင္က ဟူသီသူပုန္ေတြကို တိုက္ခိုက္တဲ့ စစ္ဆင္ေရးမွာ မဟာမိတ္အျဖစ္ ပူးေပါင္းခဲ့ၾကေပမယ့္ အခုလအတြင္း ေအဒင္ၿမိဳ႕ကို သိမ္းပိုက္တာနဲ႔ ပတ္သက္လို႔ ႏွစ္ဖက္အၾကား တင္းမာမႈေတြ ျမင့္တက္ေနပါတယ္။ အီရန္ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ဟူသီသူပုန္ေတြဟာ ယီမင္ၿမိဳ႕ေတာ္ ဆာနာ အပါအဝင္ နယ္ေျမေတာ္ေတာ္မ်ားမ်ားကို ထိန္းခ်ဳပ္ထားပါတယ္။ ဟိုေဒးဒါၿမိဳ႕အစြန္ပိုင္းမွာ စခန္းခ်ေနတဲ့ ခြဲထြက္ေရးသမားတခ်ိဳ႕ဟာ ယီမင္အစိုးရတပ္ေတြကို တိုက္ခိုက္ဖို႔ ေအဒင္ၿမိဳ႕ဆီ ခ်ီတက္သြားခဲ့ၾကတယ္လို႔ ေတာင္ပိုင္းခြဲထြက္ေရးသမားေတြရဲ႕ အကူးအေျပာင္းေကာင္စီ (STC) က ေျပာပါတယ္။
2 years Ago
Up