အဆောင်ကောင်းကြောင့် ပရီးမီးယားလိဂ်တွင် လက်ဆက်စတာ အစွမ်းပြ

A d v e r t i s e m e n t With Us

March 15, 2016

အဆောင်ကောင်းကြောင့် ပရီးမီးယားလိဂ်တွင် လက်ဆက်စတာ အစွမ်းပြ

ပရီးမီးယားလိဂ်ရဲ့ ဒီနှစ်ဘောလုံးရာသီမှာ လက်ဆက်စတာအသင်းက ဇယားထိပ်မှာ ရပ်တည်နေတာဟာ အဆောင်ကောင်းတဲ့အတွက် ကံကောင်းနေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ထိုင်းက သံဃာတော်တွေ ထိုင်းပိုင် လက်ဆက်စတာ ကလပ်အသင်းကို သွားရောက်ပြီး ကစားသမားတွေ ကံကောင်းစေတဲ့ လက်ဖွဲ့တွေကို ပေးခဲ့သလို ကွင်းမှာ ရွတ်ဖတ်သရဇ္ဈာယ် ဆုတောင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ သရိုင်မိ ၀ီထရာအရမ် ဝေါရ၀ိဟန် ဘုန်းကြီးကျောင်းက ဆရာတော် ပရိုမင်္ဂလာချန်က ကစားသမားတွေကို အဆောင်တွေ ဆွဲပေးခဲ့သလို ချည်လက်ဖွဲ့တွေ ပေးခဲ့တယ်လို့ အေအက်ဖ်ပီသတင်းကို ပြောပါတယ်။ ဒီလိုလုပ်ပေးတာကို သူတို့ နားလည် မလည်ကတော့ မသိပေမယ့် ဒီအကြောင်း ရှင်းပြခဲ့သလို ဒါက ကံကောင်းမှုတွေ ယူဆောင်လာမယ်ဆိုတာ သူတို့သိတယ်လို့ ဆရာတော်က ပြောပါတယ်။ လက်ဆက်စတာအသင်း တံဆိပ်အမှတ်အသားကို ဗဟိုပြုပြီး အင်း၊ မန္တာန်တွေရံကာ စီရင်ထားတဲ့ ခေါင်းစည်းတခုကိုလည်း ကျောင်းမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လက်ဆက်စတာအသင်းဟာ ထိုင်းက စီးပွားရေးသမား ဗီချိုင်း သီဗတ်ဟန်နာပရာဗ ပိုင်ဆိုင်တာလည်း ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် အသင်းကို ၀ယ်ယူပြီးနောက် ပရီးမီးယားလိဂ်ကို တန်းတက်ခဲ့သလို အခုလက်ရှိလည်း ပရီးမီးယားလိဂ်ကို ဦးဆောင်ထားပါတယ်။ ဘီလျံနာ ဗီချိုင်း သီဗတ်ဟန်နာပရာဗက ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သလို ကံအကျိုးအဆက်ကို ယုံကြည်ထားသူဖြစ်တယ်လို့ ဆရာတော်က ပြောပါတယ်။ ကလပ်အသင်းကို သံဃာတော်တွေက ၁၀ ကြိမ်ထက်မနည်း သွားရောက်ခဲ့ပြီး ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ဆက်စတာအသင်း ပရီးမီးယားလိဂ်မှာ ဒီနှစ် ဦးဆောင်နေမှုဟာ ဘောလုံးပွဲကျွမ်းကျင်သူတွေ ခေါင်းကုတ် ဦးနှောက်ခြောက်ရတဲ့အထိ ဖြစ်စေပါတယ်။
5 years Ago
Up