အဆောင်လက်ဖွဲ့များကို ချွတ်ပြသည့် ထိုင်းဝန်ကြီးချုပ်

May 17, 2016

အဆောင်လက်ဖွဲ့များကို ချွတ်ပြသည့် ထိုင်းဝန်ကြီးချုပ် (ရုပ်သံ)

မေ ၁၆ ရက် သတင်းစာရှင်းလင်းပွဲမှာ လည်ပင်းမှာ ၀တ်ဆင်ထားတဲ့ အဆောင်လက်ဖွဲ့တွေကို ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြသလိုက်ပါတယ်။ ဘန်ကောက် အစိုးရအိမ်တော်မှာ ပြုလုပ်တဲ့ အမေးအဖြေကဏ္ဍမှာ သတင်းထောက်တဦးက သရိုင်မိ ၀ီထရာအရမ် ဝေါရ၀ိဟန် ဘုန်းကြီးကျောင်းက ဆရာတော်ဆီက စင်ကြယ်တဲ့အဆောင် ပေးဖူးလားလို့ မေးမြန်းရာမှာ အပေါ်အင်္ကျီကိုချွတ်ပြီး ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ "ကျနော့်ဆီမှာ အဆောင်တွေ အများကြီးရှိတယ်" လို့ ဖြေဆိုပြီး ရင်ဘတ်က ရွှေနဲ့လုပ်ထားတဲ့ ကြုတ်တွေကို ပြသလိုက်တဲ့အကြောင်း ထိုင်း ဘန်ကောက်ပို့စ်သတင်းမှာ ရုပ်သံဖိုင်နဲ့ ဖော်ပြထားပါတယ်။ အရင်အချိန်ကတည်းက အဆောင်တွေ အများအပြား ရှိခဲ့တာဖြစ်သလို စစ်သားဘ၀ကတည်းက ရရှိခဲ့တာလို့ သူကပြောပါတယ်။ အဆောင်ဘယ်လောက်ရှိလဲဆိုတာကို ဘယ်တော့မှ မရေတွက်မိသလို နှလုံးသားထဲမှာ ရှိနေတဲ့အတွက် အဆောင်တွေက မလေးဘူးလို့လည်း ပြောပါတယ်။ နောက်ပိုင်းမှာတော့ ပရာယွတ် လက်ဖွဲ့တွေ ပြနေတာကို အင်တာနက်အသုံးပြုတွေက တမျိုးဖန်တီးပြီး ပြန်လည် ပြသခဲ့ကြပါတယ်။
6 years Ago
Up