မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေး ကဏ္ဍမှာ လုံခြုံစိတ်ချရမှုနဲ့ ပတ်သက်ပြီး တိကျတဲ့စည်းမျဉ်းတွေ မရှိသေးတဲ့ အတွက် ထုတ်ပြန် ပြဋ္ဌာန်းနိုင်ဖို့ လုပ်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။
“Construction Industry တခုလုံးမှာကိုက Safty (လုံခြုံစိတ်ချရမှု) နဲ့ ပတ်သက်ပြီး တိကျတဲ့ Regulation (စည်းမျဉ်း) မပြဋ္ဌာန်းနိုင်သေးပါဘူး။ ဒါကြောင့် ကိုရီးယားနိုင်ငံ အစိုးရရဲ့ အကူအညီနဲ့ ကိုရီးယားအဖွဲ့အစည်းတခုက safty (လုံခြုံစိတ်ချရမှု) နဲ့ ပတ်သက်ပြီး လမ်းညွှန်ရေးဆွဲဖို့ အကူအညီ ပေးထားပါတယ်” လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း က ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့က ၀န်ကြီးရုံးမှာ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။
ဒီလိုစည်းမျဉ်းတွေ မရှိသေးတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်သားတွေ ထိခိုက်တာ၊ အဆောက်အအုံတွေ အရည်အသွေးနဲ့ပတ်သက်လာရင် ပိုပြီး လုံခြုံ စိတ်ချနိုင်မှာပါ။
မြန်မာနိုင်ငံအတွက် ဆောက်လုပ်ရေးဆိုင်ရာ စီမံမှု စည်းမျဉ်းတွေကို ရေးဆွဲနေပြီး အဲဒီမှာ လုံခြုံစိတ်ချရမှု၊ အရည်အသွေးဆိုင်ရာစံ စတာတွေ ပါမယ်လို့လည်း အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောပါတယ်။
ပြီးတော့ အဆောက်အအုံ ပြိုကျနိုင်တဲ့ အချက် ၁၀၀ လောက်ကို ဥပဒေအနေနဲ့ ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။
ဒါတွေကို မကြာခင်မှာ အစိုးရအဖွဲ့ကို တင်ပြီးတော့ တစ်နိုင်ငံလုံးကို ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
7 years Ago