အဆောက်အအုံပေါ်မှာ ခုန်ချသူကို တရုတ်ရဲအရာရှိ ကယ်တင် (ရုပ်သံ)

July 26, 2015

အဆောက်အအုံပေါ်မှာ ခုန်ချသူကို တရုတ်ရဲအရာရှိ ကယ်တင် (ရုပ်သံ)

ဆောက်လုပ်ဆဲ အဆောက်အအုံတခုပေါ်မှ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသူ အမျိုးသားတဦးကို ရဲအရာရှိက ကယ်တင်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂွမ်ရှီဇန်ဒေသမှာ ဇူလိုင် ၂၃ ရက်နေ့က အမျိုးသားတဦးဟာ ဆောက်လက်စ လေးထပ်အဆောက်အအုံပေါ်က ခုန်ချဖို့ ခြိမ်းခြောက်ပြောနေတာကို ရဲတွေက တွေ့ရှိခဲ့ကြတာပါ။ ရဲအရာရှိ လန်ရှောင်က သူ့ကို ပြန်လည်ဆုံးဖြတ်ဖို့ ဖျောင်းဖျပြောဆိုခဲ့ပေမယ့် အဲဒီအမျိုးသားဟာ ရုတ်တရက်ခုန်ချလိုက်တာကြောင့် မြေကြီးနဲ့မထိခင်မှာ ဖမ်းမိနိုင်ဖို့ အပြေးအလွှား သွားရောက်ကယ်တင်ခဲ့ရတာပါ။ အဲဒီဖြစ်စဉ်မှာ ရဲအရာရှိဟာ မြေကြီးနဲ့ထိခိုက်မိပြီး ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပေမယ့် စိုးရိမ်ရတဲ့အခြေ အနေမရှိဘူးလို့ သတင်းမှာဖော်ပြပါတယ်။ ရဲတွေရဲ့အဆိုအရ အဲဒီအမျိုးသားဟာ မူးယစ်ဆေးသုံးစွဲသူတဦးဖြစ်ပြီး ဆေးသုံးပြီးချိန်မှာ စိတ်ကယောင်ချောက်ချားဖြစ်ကာ ခုန်ချဖို့ ကြံစည်ခဲ့တာလို့ ဆိုပါတယ်။
6 years Ago
Up