အဂွေရို

March 28, 2018

မန်စီးတီးနှင့် စာချုပ်သက်တမ်းကုန်ပါက အင်ဒီပန်းဒန့်သို့ ပြောင်းရွှေ့ကစားမည်ဟု အဂွေရို ပြော

အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၀ ပြည့်နှစ်မှာ အသင်းဟောင်း အင်ဒီပန်းဒန့်အသင်းဆီ ပြောင်းရွှေ့ကစားမှာဖြစ်တယ်လို့ မန်စီးတီးတိုက်စစ်မှူး အဂွေရိုက ကြေညာလိုက်ပါတယ်။ မိမိအနေနဲ့ ၂၀၂၀ ပြည့်နှစ် စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ မန်စီးတီးအသင်းမှာ ဆက်ကစားမှာဖြစ်ပြီး အဲဒီအချိန်မှာ မွေးရပ်မြေကလပ်ဖြစ်တဲ့ အင်ဒီပန်းဒန့်အသင်းဆီ ပြန်လည်ပြောင်းရွှေ့မှာဖြစ်တယ်လို့ အဂွေရိုက ပြောလိုက်တာပါ။ အဂွေရိုဟာ လူငယ်ကစားသမား ဘဝကတည်းက အင်ဒီပန်းဒန့်အသင်းမှာပဲ  စတင်ကစားခဲ့တာဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။ အက်သလက်တီကိုကနေ ၂၀၁၁ ခုနှစ်မှာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အဂွေရိုဟာ မန်စီးတီးအတွက် ၁၉၉ ဂိုးအထိ သွင်းယူထားပြီး အသင်းသမိုင်းတလျှောက် ဂိုးအများဆုံးသွင်းနိုင်တဲ့ ကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။
4 years Ago

March 12, 2018

လေ့ကျင့်ရေးကွင်းတွင် ဒဏ်ရာရရှိခဲ့သည့် အဂွေရို ၂ ပတ်ခန့် အနားယူရမည်

မန်စီးတီးတိုက်စစ်မှူး အဂွေရိုဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့လို့  ဒီကနေ့ညကစားမယ့် စတုတ်စီးတီးနဲ့ပွဲစဉ်ကို လွဲချော်မယ်လို့ သိရပါတယ်။ အဂွေရိုဟာ စနေနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဒူးဒဏ်ရာရခဲ့တာဖြစ်ပြီး ၂ ပတ်လောက် အနားယူရဖို့ ရှိနေတာပါ။ လေ့ကျင့်ရေးကွင်းမှာ ဘယ်ဘက်ဒူးဒဏ်ရာ ရရှိခဲ့လို့ ၂ ပတ်လောက် အနားယူရမှာဖြစ်ပြီး အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ အဂွေရိုက သူ့ရဲ့ တွစ်တာစာမျက်နှာကနေ တဆင့် ပြောကြားခဲ့ပါတယ်။ အဂွေရိုအနေနဲ့ စတုတ်စီးတီး၊ အဲဗာတန်အသင်းတွေနဲ့ ပွဲစဉ်တွေကို လွဲချော်မှာဖြစ်သလို အာဂျင်တီးနားအသင်းရဲ့ ခြေစမ်းပွဲတွေကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။
4 years Ago
Up