အကောင်းဆုံး

April 21, 2019

အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီ ရသင့်ဟု ရီဗယ်ဒိုပြော

မက်ဆီအနေနဲ့ ချန်ပီယံလိဂ်ဖလား မရရှိခဲ့ရင်တောင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၆ ကြိမ်မြောက် ရရှိသင့်တယ်လို့ ဘာစီလိုနာ ကစားသမားဟောင်းကြီး ရီဗယ်ဒိုက ပြောကြားလိုက်ပါတယ်။ မက်ဆီဟာ အခုနှစ်မှာတော့ ပြိုင်ပွဲစုံ ၄၂ ပွဲကစားပြီး ၄၅ ဂိုးသွင်းယူထားနိုင်သလို ဘာစီလိုနာအသင်းဟာလည်း ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်နဲ့ ကိုပါဒယ်ရေးဖလားမှာလည်း ဖိုင်နယ်အဆင့်ထိ ရောက်ရှိအောင် ပို့ဆောင်ပေးထားနိုင်ပါတယ်။ လာလီဂါမှာလည်း ၆ ပွဲသာ ကစားဖို့ ကျန်ရှိတော့ချိန်မှာ ဒုတိယနေရာက အက်သလက်တီကိုမက်ဒရစ်အသင်းကို ၉ မှတ်ဖြတ်ထားနိုင်ပြီး ဖလား ၃ လုံးရရှိဖို့ နီးစပ်နေပါတယ်။ မက်ဆီဟာ မနှစ်က ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အဲ့ဒီဆုကို တကျော့ ပြန်ရရှိနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ ဘောလုံးသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။
2 years Ago

March 22, 2019

အကောင်းဆုံး ဒါရိုက်တာ အကယ်ဒမီဆု ဘယ်သူရနိုင်မလဲ

၂၀၁၈ ခုနှစ် တနှစ်တာအတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကား တွေထဲမှာ ထူးချွန်ပြောင်မြောက်စွာ ကြိုးစားခဲ့ကြတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုချီးမြှင့်မယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲ အခမ်းအနားကို မနက်ဖန် မတ်လ ၂၃ ရက်ညနေမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်း ၈၃ ကား ရုံတင်ပြသနိုင်ခဲ့ပြီး အဲဒီထဲကမှ ဒုတိယအဆင့်ဆန်ကာတင် ရုပ်ရှင်ကား ၂၅ ကားကို ရွေးချယ်ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီကားတွေထဲမှာတော့ ပုံမှန်သမားရိုးကျ အခြေအနေတခုကနေ ပြန်လည်ခွဲထွက် ပြီး ထူးခြားတဲ့ တင်ဆက်ပုံတွေနဲ့ ရိုက်ကူးထားတဲ့ မြန်မာရုပ်ရှင်ကားတွေလည်း ပါဝင်နေ ခဲ့တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ အကယ်ဒမီပေးပွဲကို ဦးဆောင်ကျင်းပပြု လုပ်လာတာ ၆ နှစ်ရှိခဲ့ပြီဖြစ်ပြီး အခုနှစ်မှာတော့ အကယ်ဒမီဆု ၁၁ဆု ချီးမြှင့်သွားမှာ ဖြစ် ပါတယ်။ ဒါရိုက်တာဆိုတာ ရုပ်ရှင်ကားတကားရဲ့ အသက်သွေးကြော၊ အဓိက ပဲ့ကိုင်ရှင် ဖြစ်တာမို့ အခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအတွက် ဘယ်သူတွေကများ ဆွတ်ခူး ရရှိသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ပရိသတ်တွေကရော ရေပန်းစားနေတဲ့ ဒါရိုက်တာတွေထဲမှာ ဘယ်သူက အခုနှစ် ရဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုကို ဆွတ်ခူးသွားနိုင်မလဲဆိုတာကို ခန့်မှန်းပေးကြပါဦး။ ဏကြီး နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ၀တ္ထုကို ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ရိုက်ကူးထားခဲ့တဲ့ မီရုပ်ရှင်ကားဟာ ပရိသတ်တွေကြားမှာတော့ တကယ့်ကို ချီးကျူးစရာ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပြီး ဒါရိုက်တာဆုအတွက်ပါ ဏကြီးကို ထင်ကြေး ပေးနေကြပါတယ်။ ၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းဟာ  နားလည်ရ ခက်တဲ့ မီဆိုတဲ့ မိန်းကလေးတယောက်ကြောင့် ယောက်ျားတွေ အရူးအမူး ဖြစ်ကြတဲ့ အကြောင်း၊ ချစ်တဲ့ စိတ်တဖက်၊ သံသယစိတ်တဖက်နဲ့ မီကို လက်ထပ်ယူခဲ့တဲ့ အမျိုးသားတယောက် အကြောင်းကို တင်ပြထားခဲ့တာပါ။ ဒီကားထဲမှာတော့ အဲဒီ ခေတ်ကလို အပြင်အဆင်တွေ၊ အထူးပြုလုပ်မှုတွေနဲ့ ရုပ်ရှင်အဖြစ် ပုံပေါ်လာအောင် ရိုက်ကူးထားခဲ့တာတွေကို ရှုစားခဲ့ကြ ရတာပါ။ ဒီကားထဲမှာတော့ အဓိကဇာတ်ကောင် မီနေရာမှာ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုး သုက ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်တို့က အတွဲညီညီ တွဲဖက်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ရုပ်ရှင်ကားတကားလုံးကို ပြီးဆုံးတဲ့အထိ ဆွဲဆောင်ထားနိုင်ခဲ့တဲ့ မီရဲ့ ပဲ့ကိုင်ရှင် ဏကြီးက အကယ်ဒမီဆုကို ဆွတ်ခူးနိုင်မလားဆိုတာ မကြာခင်မှာ သိနိုင်တော့မှာ ဖြစ်ပါ တယ်။ သြရသ မုန်းစွဲရုပ်ရှင်နဲ့ အကယ်ဒမီရှေ့ပြေးစာရင်းဝင်နေတဲ့ ဒါရိုက်တာတဦးကတော့ သြရ သပဲ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန် တရားတော်တပုဒ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်ထားတဲ့ မုန်းစွဲ ရုပ်ရှင်ကားဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က ရုံတင်ပြသခဲ့ပြီး ရုံပြည့်ရုံလျှံအားပေးမှု တွေ ရရှိခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီကားကိုတော့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လွင်မင်းအံ့ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ကားဟာ ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတဲ့ အသေလှတဲ့သူ အမည်ရတဲ့ ဖြစ်ရပ်မှန်တရားတော်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။ ချစ်စွဲ မုန်းစွဲ’ နဲ့ သေပြီးတော့ လူအဖြစ်ဝင်စားတဲ့အခါမှာ မုန်းစိတ်က အရမ်းစွဲ လမ်းနေပြီး မုန်းစွဲစိတ်နဲ့ လူဝင်စားဖြစ်ချိန်မှာ ဒုက္ခများရတဲ့အကြောင်းတွေ၊  အဓိက, က တော့ ဘဝကို ချစ်ခြင်း၊ မုန်းခြင်း ကင်းကင်းနဲ့ ရှေ့ဆက်ဖို့ လိုတဲ့အကြောင်း၊ လက်ရှိ ဘ၀မှာရော၊ သံသရာမှာရော အစွဲအလမ်း မကြီးသင့်တဲ့အကြောင်း၊ အမုန်းတရားတွေ ကင်းစင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဇာတ်လမ်းရဲ့ ပဲ့ကိုင်ရှင် သြရသကိုလည်း ပရိသတ် တွေက အကယ်ဒမီစာရင်းမှာ ထင်ကြေးပေး ရွေးချယ်ထားကြပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ နေတိုး၊ ကျော်ကျော်ဗို၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့နဲ့အတူ ကွယ်လွန်ခဲ့တဲ့ သရုပ် ဆောင်မင်းသား မင်းသွေးလည်း ပါဝင်ထားခဲ့ပြီး အပိုအလိုမရှိ သပ်ရပ်တဲ့ ရုပ်ရှင်ကား ကောင်းတကား ဖြစ်ခဲ့တာမို့ ဒါရိုက်တာ အကယ်ဒမီဆုအတွက် ရင်ခုန်စရာ ဖြစ်နေခဲ့ပါ တယ်။ ခရစ္စတီးနားခီ မြန်မာ့ရုပ်ရှင် အလှည့်အပြောင်းလို့ တင်စားပြောခဲ့ကြရတဲ့အထိ အောင်မြင်ခဲ့တဲ့ ဥပါယ်တံမျဉ်နဲ့ မုဒြာရဲ့ ခေါ်သံရုပ်ရှင်တွေရဲ့ ဖန်တီးရှင် အမျိုးသမီး ဒါရိုက်တာ ခရစ္စတီး နားခီကလည်း ပွဲဦးထွက်မှာတင် အကယ်ဒမီပြေးလမ်းပေါ် ရောက်ရှိနေခဲ့ပါပြီ။ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကား ၂ ကားထဲက ဥပါယ်တံမျဉ်ဟာ သရုပ်ဆောင်သစ်တွေ အများစုနဲ့ သတ္တိရှိရှိ အသွင်သစ်နဲ့ရိုက်ကူးခဲ့တာဖြစ်ပြီး အွန်လိုင်းပေါ်မှာရော၊ ပရိသတ် တွေကြားမှာပါ အားပေးမှုတွေနဲ့အတူ ဝေဖန်မှု၊ ချီးကျူးမှုတွေနဲ့ အုတ်အော်သောင်းတင်း ဖြစ်ခဲ့တာပါ။ ဒီရုပ်ရှင်ကားကြီးမှာ ၀ါရင့်သရုပ်ဆောင် အကယ်ဒမီမင်းဦးနဲ့ သက်မွန်မြင့်တို့က လွဲပြီး တခြား နာမည်ကြီးသရုပ်ဆောင်တွေ မပါဘဲ အသစ်တွေကို ပွဲထုတ်ထားတာကလည်း ထူးခြားမှုတခု ဖြစ်နေခဲ့ပါတယ်။ ဇာတ်လမ်းကျောရိုးအရ ပုံမှန်မြင်တွေ့နေကျ အိမ်ထောင်ရေး ဖောက်ပြန်မှု ဇာတ်လမ်း တပုဒ်သာ ဖြစ်မယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် တကယ့်ကို ထင်မှတ်မထားတဲ့ လှည့်ကွက် တွေနဲ့ ဖန်တီးထားတဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရုပ်ရှင် အမျိုးအစား ဖြစ်နေတာကလည်း ဆွဲဆောင်မှုတခုအဖြစ် ကြည့်ရှုသူတွေကို ဖမ်းစားနိုင်ခဲ့တာမို့ အကယ်ဒမီရွှေစင်ရုပ်ကို ပိုင်ဆိုင်သွားနိုင်မလားဆိုတာက စိတ်ဝင်စားစရာပါပဲ။   ဗန်းကြီး ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ကို အခြေပြုပြီး ဖန်တီးပုံဖော်ထားခဲ့တဲ့ ဥပါဒါန်ရုပ်ရှင် ကားရဲ့ ဖန်တီးရှင် ဒါရိုက်တာ ဗန်းကြီးဟာ အခုနှစ်ရဲ့ အကယ်ဒမီပြေးလမ်းပေါ် ရောက်ရှိ နေခဲ့ပါတယ်။ ဒီကားဟာ ထူးခြားတဲ့ မြန်မာရုပ်ရှင်ကားတကားဖြစ်ပြီး အကြောင်းကြောင်းတွေကြောင့် ထွက်ရှိဖို့ ကြန့်ကြာနေခဲ့ရပြီး အချိန် ၁၀ နှစ်ကျော်လောက်အကြာမှ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သာသနာကို မြတ်နိုးတန်ဖိုးထားတဲ့ ရဟန်းပျိုတပါးနဲ့ ဘာသာ သာသနာအပေါ် ကြည်ညိုလွန်းခဲ့ပေမယ့် သဒ္ဓါလွန်ကဲပြီး ဆုတောင်းမှားခဲ့တဲ့ မိန်းမ ချောလေး တယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး သရုပ်ဆောင်သစ် မင်းသား ခိုင်ထူးသာနဲ့ မင်းသမီး နန်းဆုဦးတို့က ခေါင်းဆောင် ပါဝင်ထားကြတာဖြစ်ကာ တခြား သရုပ်ဆောင်တွေ အနေနဲ့ ၀ါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ခင်ဇာခြည်ကျော်၊ မေသဉ္ဇာဦး၊ ချိုပြုံးနဲ့ တခြား သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ လိုက်ဖက်ညီတဲ့ ကျရာဇာတ်ရုပ်တွေမှာ အဓိက ဇာတ်ဆောင်တွေကိုရော ဇာတ်ပို့ ဇာတ်ရံတွေကိုပါ လိုက်လျောညီထွေဖြစ်အောင် ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဖန်တီးရိုက်ကူးနိုင်ခဲ့တဲ့ ဒါရိုက်တာ ဗန်းကြီးဟာ အကယ်ဒမီရုပ်ရှင်ထူးချွန်ဆုကို ရရှိနိုင်မလားဆိုတာကတော့ မကြာခင်မှာ ပရိသတ်တွေ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။   ၀ိုင်း နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာတဦးဖြစ်တဲ့ ၀ိုင်းကတော့ အကယ်ဒမီ ဆန်ကာတင် ဒုတိယအဆင့်မှာ သူရိုက်ကူးထားတဲ့ ရုပ်ရှင်ကား ၄ ကားပါဝင်နေတာပါ။ ပရိသတ်ကြား ရေပန်းစားခဲ့တဲ့ ရုပ်ရှင်တွေ ဖြစ်တဲ့ ရွှေကြာ၊ သမ္မတကြီးထံပေးစာ၊ သတို့သမီး၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကား ၄ ကားပါဝင်နေတာဖြစ်ပြီး ကြိုတင်ရင်ခုန် ရမယ့် အချိန် ဖြစ်လို့နေပါတယ်။ မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်ကို မီးမောင်းထိုး ဖော်ကျူးထားတဲ့ သမ္မတကြီးထံ ပေးစာကိုတော့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး စာရေးဆရာ လူနေရဲ့ ၀တ္ထုကို နေနော်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ၀ိုင်းက ပုံဖော် ရိုက်ကူး ပေးထားတာ ဖြစ်ပါတယ်။ ပဲပြုတ်သည် အဖွားအို တယောက်ရဲ့ စာတစောင်ကနေ ဇာတ်လမ်းစတင်ထားတဲ့ ဒီရုပ်ရှင်ကားဟာ လူသတ်မှုတစ်ခုကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ တရား ဥပဒေရဲ့ အထက်မှာ အာဏာနဲ့ ငွေဟာ တကယ်ပဲ ရှိနေပြီလား။ တရားခံ မဟုတ်ဘူး ဆိုတာ သိနေလျက်နဲ့ ဒီအမှုကို ဘာကြောင့် မဖော်ထုတ်ခဲ့တာလဲ။ ဒါဟာ ငွေကြောင့်လား။ လုပ်ပိုင်ခွင့်ကြောင့်လား။ ငွေများငွေနိုင် တရားရေးကို လက်မခံနိုင်တော့တဲ့ အမှုတခုမှာ တရားဥပဒေကို မယုံကြည် နိုင်တော့တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ တွေကို ဖော်ကျူးရိုက်ကူးထားတာဖြစ်ပြီး ထူးထူးခြားခြား လူငယ်သရုပ်ဆောင် မင်းသား မင်းသမီးသစ်တွေနဲ့ တွဲဖက်ရိုက်ကူးထားခဲ့ကာ အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ ဖွေးဖွေး၊ မေဆူးမောင်တို့က အဓိက ပါဝင်သရုပ်ဆောင် ထားကြတာပါ။ နောက်ထပ်တကားဖြစ်တဲ့ ရွှေကြာကတော့ ပြည့်တန်ဆာ မိန်းကလေးတွေရဲ့ ဘဝ တွေကို ပုံဖော်ဖန်တီးရေးဖွဲ့ထားတဲ့ ပုညခင်ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူး ပုံဖော်ပေး ထားတာဖြစ်ပြီး ဒီရုပ်ရှင်ကားမှာ ဖွေးဖွေးက အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားခဲ့တာ ပါ။ ၀ိုင်းနဲ့ ဖွေးဖွေးအတွဲဟာ အရင်ကလည်း အောင်မြင်တဲ့၊ ပရိသတ်လက်ခံတဲ့ ရုပ် ရှင်ကားတွေ အတော်များများ ထွက်ရှိခဲ့ဖူးပြီး အကယ်ဒမီထူးချွန်ဆုတွေ ရရှိဖူးပါတယ်။ ခုလတ်တလောရေပန်းစားနေတဲ့ အကယ်ဒမီရှေ့ပြေးရုပ်ရှင်ကားတွေမှာလည်း သေသပ်တဲ့ ရိုက်ချက်တွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေကို ပုံဖော်ထားနိုင်တာမို့ အကယ် ဒမီဆုကို ထပ်ပြီး ဆွတ်ခူးသွားနိုင်ဦးမလားဆိုတာကတော့ စောင့်စားကြရဦးမှာ ဖြစ်ပါ တယ်။
2 years Ago

အကောင်းဆုံး အမျိုးသားဇာတ်ဆောင် အကယ်ဒမီဆု ဘယ်သူရနိုင်မလဲ

၂၀၁၈ ခုနှစ် တနှစ်တာအတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကား တွေထဲမှာ ထူးချွန်ပြောင်မြောက်စွာ ကြိုးစားခဲ့ကြတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုချီးမြှင့် မယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၂၃ ရက်နေ့ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်း ၈၃ ကားရုံတင်ပြသနိုင်ခဲ့ပြီး အဲဒီထဲကမှ ဒုတိယအဆင့်ဆန်ကာတင် ရုပ်ရှင်ကား ၂၅ ကားကို ရွေးချယ်ထားခဲ့ပြီး ဖြစ် ပါတယ်။ ဒီကားတွေထဲမှာတော့ ပုံမှန်သမားရိုးကျ အခြေအနေတခုကနေ ပြန်လည်ခွဲထွက် ပြီး ထူးခြားတဲ့ တင်ဆက်ပုံတွေနဲ့ ရိုက်ကူးထားတဲ့ မြန်မာရုပ်ရှင်ကားတွေလည်း ပါဝင်နေ ခဲ့တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ အကယ်ဒမီပေးပွဲကို ဦးဆောင်ကျင်းပပြု လုပ်လာတာ ၆ နှစ်ရှိခဲ့ပြီဖြစ်ပြီး အခုနှစ်မှာတော့ အကယ်ဒမီဆု ၁၁ဆု ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ကားကောင်းတကားမှာ အဓိကဇာတ်ဆောင်မင်းသား နေရာမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးလှပါတယ်။ အခုနှစ်မှာတော့ ဖော်ပြပါ သရုပ်ဆောင်မင်းသားတွေဟ အကယ်ဒမီထင်ကြေးနဲ့ ရေပန်းစားနေခဲ့ပြီး ဘယ်သူကများ မြန်မာ့ရုပ်ရှင်အကယ်ဒမီ အမျိုးသားဇာတ်ဆောင်ဆု ကို ဆွတ်ခူးသွားနိုင်မလဲဆိုတာကို ပရိသတ်တွေအနေနဲ့ ခန့်မှန်းပေးကြပါဦး။ နေတိုး ရုံပြည့်ရုံလျှံအားပေးမှု ရရှိခဲ့တဲ့ ရုပ်ရှင်ကားတွေဖြစ်တဲ့ မုန်းစွဲ၊ မီစတဲ့ ရုပ်ရှင်ကား တွေထဲမှာ အဓိကဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်မင်းသား နေတိုးကတော့ အကယ်ဒမီဆန်ကာတင်စာရင်းထဲမှာလည်း ရေပန်းစားလို့ နေပါတယ်။ နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ၀တ္ထုကို ဒါရိုက်တာ ဏကြီးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ရိုက်ကူးထားခဲ့တဲ့ မီရုပ်ရှင်ကားထဲမှာတော့ နေတိုးက နားလည်ရခက်တဲ့ မီဆိုတဲ့ မိန်းကလေးအပေါ် ချစ်တဲ့စိတ်တဖက်၊ သံသယစိတ်တဖက်နဲ့ လက်ထပ်ယူခဲ့တဲ့ ကိုသော်ဆွေအဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ထားခဲ့တာပါ။ ၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းထဲက အဓိက ဇာတ်ကောင် မီနေရာမှာ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုး သုက ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်တို့က အတွဲညီညီ တွဲဖက်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ မုန်းစွဲရုပ်ရှင်ကားထဲမှာတော့ ‘ချစ်စွဲ မုန်းစွဲ’ နဲ့ သေပြီးတော့ လူအဖြစ်ဝင်စားတဲ့ အခါမှာ မုန်းစိတ်က အရမ်းစွဲလမ်းနေပြီး မုန်းစွဲစိတ်နဲ့ လူဝင်စားဖြစ်ချိန်မှာ ဒုက္ခများရတဲ့  အကြောင်းတွေ၊ အဓိက,ကတော့ ဘဝကို ချစ်ခြင်း၊ မုန်းခြင်း ကင်းကင်းနဲ့ ရှေ့ဆက်ဖို့ လို တဲ့အကြောင်း၊ လက်ရှိဘ၀မှာရော၊ သံသရာမှာရော အစွဲအလမ်း မကြီးသင့်တဲ့ အ ကြောင်း၊ အမုန်းတရားတွေ ကင်းစင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဇာတ်လမ်းထဲမှာတော့ နေတိုးက ဘ၀ ၂ မျိုးနဲ့ ပီပီပြင်ပြင်သရုပ်ဆောင်ထားခဲ့ပြီး ဇာတ်လမ်းအဆုံးထိ ပရိသတ် ကို ဆွဲဆောင်သွားနိုင်ခဲ့တာပါ။ ဒီကားထဲမှာတော့ နေတိုးနဲ့အတူ ကျော်ကျော်ဗို၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်း၊ မင်းသွေးတို့လည်း ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။ အရင်ကလည်း ပြောင်မြောက်တဲ့ သရုပ်ဆောင်အနုပညာတွေနဲ့ အကယ်ဒမီရွှေ စင်ဆုကို ဆွတ်ခူးရရှိထားတဲ့ နေတိုးဟာ အခုနှစ်ရဲ့ အမျိုးသားဇာတ်ဆောင် အကယ်ဒမီ ဆုကို ထပ်ပြီး ရရှိသွားလေမလားဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြ ရတော့မှာ ဖြစ်ပါတယ်။ ခိုင်ထူးသာ(ဥပါဒါန်) ဇာတ်ဝင်ခန်းထဲက ဇာတ်ကောင်စရိုက်ပီပြင်အောင် အပြင်မှာပါ သာသနာ့ဘောင် ၀င်ပြီး ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်မင်းသားသစ် ခိုင်ထူးသာရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှု တွေဟာ လတ်တလော အကယ်ဒမီတစ်ကြိုအဖြစ် ရေပန်းစားနေခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ကို အခြေပြုပြီး ဖန်တီးပုံဖော်ထားခဲ့တဲ့ ဒီကားဟာ ထူး ခြားတဲ့ မြန်မာရုပ်ရှင်ကားတကားဖြစ်ပြီး မောင်အောင်(ရူပဗေဒ)ရဲ့ ဇာတ်လမ်းဇာတ်ညွှန်း ကို ဒါရိုက်တာ ဗန်းကြီးက ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ သာသနာကို မြတ်နိုးတန်ဖိုးထားတဲ့ ရဟန်းပျိုတပါးနဲ့ ဘာ သာသနာအပေါ် ကြည်ညိုလွန်းခဲ့ပေမယ့် သဒ္ဓါလွန်ကဲပြီး ဆုတောင်းမှားခဲ့တဲ့ မိန်းမ ချော လေးတယောက် အကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး သရုပ်ဆောင်သစ် မင်းသား ခိုင်ထူးသာနဲ့ မင်းသမီး နန်းဆုဦးတို့က ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ တခြားသရုပ်ဆောင်တွေအနေနဲ့ ၀ါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ခင်ဇာခြည် ကျော်၊ မေသဉ္ဇာဦး၊ ချိုပြုံးနဲ့ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါ တယ်။ ဒီကားဟာ ခိုင်ထူးသာအတွက် ပွဲဦးထွက် ရုပ်ရှင်ကားလည်း ဖြစ်နေပြီး လာမယ့် အကယ်ဒမီစင်မြင့်ထက်မှာ အောင်ပန်းဆင်နိုင်မလားဆိုတာကိုတော့ စောင့်မျှော် အား ပေးကြရမှာ ဖြစ်ပါတယ်။ ဇဏ်ခီ(မုဒြာရဲ့ ခေါ်သံ၊ ဥပါယ်တံမျဉ်) မျက်နှာသစ် သရုပ်ဆောင်မင်းသား တယောက်အနေနဲ့ ရုပ်ရှင်ကား ၂ ကားမှာပါ ၀င်ခဲ့ပြီး ၂ ကားစလုံး အကယ်ဒမီဆန်ကာတင်စာရင်းမှာ ပါဝင်နေခဲ့သူကတော့ သရုပ် ဆောင်မင်းသား ဇဏ်ခီ ဖြစ်ပါတယ်။ ဇာတ်လမ်းကျောရိုးအရ ပုံမှန်မြင်တွေ့နေကျ အိမ်ထောင်ရေး ဖောက်ပြန်မှု ဇာတ် လမ်းတပုဒ်သာ ဖြစ်မယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် တကယ့်ကို ထင်မှတ်မထားတဲ့ လှည့်ကွက်တွေနဲ့ ဖန်တီးထားတဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရုပ်ရှင် အမျိုးအစား ဖြစ်တဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ကားကတော့ မြန်မာ့ရုပ်ရှင်ရဲ့ အရွေ့တခုလို့ ပြောရမယ့် ဇာတ်ကားတကား ဖြစ်နေပါတယ်။ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်လာတဲ့ ဇဏ်ခီ၊ အောင်မြင့်မြတ်တို့ဟာ အ သစ်တွေ ဖြစ်ပေမယ့် ဇာတ်ညွှန်းနဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ အပိုအလိုမရှိ သရုပ်ဆောင်နိုင်ခဲ့သလို ထိုင်းသရုပ်ဆောင် မင်းသမီး Kaew Korravee ၊ သက်မွန်မြင့်တို့ ရဲ့ သရုပ်ဆောင်မှုတွေကလည်း တကယ့်ကို အပိုအလိုမရှိ သေသပ်တဲ့ ကားကောင်းတ ကားဖြစ်ခဲ့ပါတယ်။ နောက်ထပ်တကားဖြစ်တဲ့ မုဒြာရဲ့ ခေါ်သံရုပ်ရှင်ကားကတော့  နိုင်ငံတကာရုပ်ရှင် ပွဲတော်တွေမှာ ပြသခဲ့ပြီးမှ မြန်မာနိုင်ငံမှာ ရုံတင်ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာလည်း Central Base Productions ကနေ ထွက်ရှိလာခဲ့တာဖြစ် ပြီး အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ပွဲဦးထွက်လက်ရာရုပ်ရှင်ကား တကားဖြစ်ပါ တယ်။ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့တဲ့ မြန်မာပြည်ဖွား ဂျေဒန် (Jaden)ဟာ သူ့ရဲ့ ဇစ် မြစ်ကို ရှာဖွေဖို့ မြန်မာပြည်သို့ပြန်လာခဲ့ချိန်မှာ ထင်မှတ်မထားတဲ့ အမှန်တရားတခုကို ရှာ ဖွေတွေ့ရှိခဲ့ရတဲ့ ဇာတ်လမ်းတပုဒ်ပါ။ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဂျေဒန်ဟာ  သူ့ရဲ့ ဂီတမဟာတန်းသုတေသန စာတမ်းအတွက် မြန်မာ့ရိုးရာဂီတနဲ့ အကကို သုတေ သနပြုဖို့ ကြိုးစားချိန်မှာ ယဉ်ကျေးမှုတက္ကသိုလ်မှ ရိုးရာဂီတဘာသာရပ်နဲ့ ဘွဲ့ရထားခဲ့သူ နှင်းသူဇာနဲ့ ဆုံခဲ့ကြတယ်။ သူ့ရဲ့ အကူအညီနဲ့ ဂျေဒန်ရဲ့ မိဘအရင်းနဲ့ ဇာစ်မြစ်ကို ရှာဖွေ ပုံနဲ့ တင်ဆက်ထားတဲ့ ဒီကားထဲမှာတော့ မြန်မာပြည်ခရီးစဉ်တလျှောက် လူသိနည်းတဲ့ ဒေသခံတွေရဲ့ နေထိုင်မှုပုံစံတွေ၊ တွေ့မြင်ရခဲတဲ့ အလှအပတွေကို ထင်ဟပ်စေတဲ့ ဇာတ် ကားတကား ဖြစ်ခဲ့ပါတယ်။ ဒီကားထဲမှာ မျက်နှာသစ် သရုပ်ဆောင်မင်းသား ဇဏ်ခီနဲ့အတူ သရုပ်ဆောင် မင်း သမီး လှယဉ်ကျေး၊ နန်းဝေေ၀ထွန်းတို့က ပါဝင်ထားခဲ့ကြတာပါ။ နိုင်ငံတကာမှာ ရုပ်ရှင်ထူးချွန်ဆုတွေ ရရှိထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပီပြင်တဲ့ သ ရုပ်ဆောင်မှုတွေနဲ့ အဓိကဇာတ်ကောင် ဂျေဒန် (Jaden)နေရာမှာ ပါဝင်ခဲ့တဲ့ ဇဏ်ခီဟာ အမျိုးသားဇာတ်ဆောင်အကယ်ဒမီဆုကိုရော ဆွတ်ခူးသွားနိုင်မလားဆိုတာကိုတော့ မ ကြာခင်မှာ သိကြရတော့မှာ ဖြစ်ပါတယ်။ လူမင်း (ငယ်ကျွန်) ငယ်ကျွန်ရုပ်ရှင်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင် အကယ်ဒမီဆန် ကာတင်စာရင်းမှာ ပါဝင်နေသူကတော့ နာမည်ကြီးဝါရင့်သရုပ်ဆောင် မင်းသား လူမင်း ဖြစ်ပါတယ်။ မြိတ်တင်အောင်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ၀င်းထွန်းထွန်း ပုံဖော်ဖန်တီးထား တဲ့ ငယ်ကျွန်ရုပ်ရှင်ကားထဲမှာ လူမင်းက အောင်ရဲလင်း၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီတို့နဲ့ အ တူ ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။ လွမ်းမောဖွယ် နာကျည်းဖွယ် အချစ်တွေ၊ အားပြိုင်မှုတွေနဲ့ ခြယ်မှုန်းထားတဲ့ ဒရာ မာရုပ်ရှင်ကားထဲမှာ ဆွေဂုဏ်မျိုးဂုဏ် မောက်မာတဲ့ ဇနီးမယားဖြစ်သူရဲ့ အစေအပါးတဦး သဖွယ် ဆက်ဆံခံရတဲ့ ဒေါက်တာ ကျော်ဇေယျအဖြစ် လူမင်းက ပီပီပြင်ပြင် သရုပ် ဆောင်ထားခဲ့တာပါ။ ဆွေဂုဏ် မျိုးဂုဏ်မောက်ပြီး သားအပေါ် အတ္တနဲ့ အချစ်ကြီးတဲ့ မိခင်အဖြစ် စိုးမြတ် သူဇာ၊ မိခင်လောင်း ရိပ်အောက်က ရုန်းမထွက်နိုင်တဲ့ သားအဖြစ် အောင်ရဲလင်း၊ သူ့ကို ချစ်မိတဲ့ မိန်းကလေးအဖြစ် ရွှေမှုံရတီတို့ရဲ့ အပြိုင်သရုပ်ဆောင်မှုတွေဟာ အပိုအလိုမရှိ ပိုင်နိုင်လွန်းတာမို့ အခုနှစ်ရဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်အကယ်ဒမီဆုကို ဆွတ်ခူးသွားလေမလားဆိုတာကတော့ မကြာခင်မှာ သိကြရတော့မှာ ဖြစ်ပါတယ်။ အလင်းရောင် (ကာဗွန်ဒိုင်အောက်ဆိုဒ်) ပြီးခဲ့တဲ့ နှစ်မှာတော့ သရုပ်ဆောင် မင်းသားသစ် အလင်းရောင် ပါဝင်သရုပ် ဆောင်ထားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေအတော်များများ ရှိခဲ့ပြီး  ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ကားကတော့ အကယ်ဒမီဆန်ကာတင်စာရင်းထဲမှာ ပါဝင်နေခဲ့ပါတယ်။ ဒီကားထဲမှာတော့ အလင်းရောင်က သရုပ်ဆောင်မင်းသား ကျော်ထက်အောင်၊ ဖွေးဖွေးတို့နဲ့အတူ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်လိုက်တာဖြစ်ပြီး မီမီရဲ့ ဝတ္ထုကို ဒါရိုက်တာဝိုင်းက သူကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူငယ်တယောက်ဟာ သူ့စိတ်ရဲ့ စေစားရာအတိုင်း အမှား၊ အမှန် မခွဲခြားဘဲ လုပ်မိရာကနေ လမ်းမှားကို ရောက်သွားပြီး အောက်လမ်းနည်းပညာတွေသုံး၊ ဒုစ ရိုက်မှုတွေ ကျူးလွန်တဲ့အထိ ရောက်ရှိသွားရတဲ့အဖြစ်ကို သင်ခန်းစာယူနိုင်ဖို့ ရိုက်ကူး ထားတဲ့ အချစ်ဒရာမာနဲ့ ထိတ်လန့် ကြောက်မက်ဖွယ် ပညာပေးဇာတ်လမ်း ဖြစ်ပါတယ်။ နောင်နောင်နဲ့ သာယာတို့ဟာ အိမ်နီးချင်း ငယ်သူငယ်ချင်းတွေ ဖြစ်ကြတယ်။ သူတို့ ၂ ယောက် ကြီးလာကြချိန်မှာ နောင်နောင်က ကုမ္ပဏီအရောင်းမန်နေဂျာ ဖြစ်လာ ပြီး သာယာကတော့ မီဒီယာတခုမှာ အလုပ်လုပ်တယ်။ နောင်နောင်က သာယာကို တိတ် တခိုး စိတ်ဝင်စားနေတယ်။ သူဟာ အလုပ်မှာလည်း အဆင်မပြေ၊ သူငယ်ချင်းဖြစ်တဲ့ သာယာကလည်း ချစ်သူရသွားချိန်မှာ အောက်လမ်းနည်းပညာနဲ့ ပြုလုပ်ထားတဲ့ အစီ အရင်တွေကို အသုံးပြုပြီး စိတ်ထင်ရာစိုင်းခဲ့ချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲက အလင်းရောင်ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေဟာ ပရိသတ် အားပေးမှုတွေ ရရှိခဲ့ပြီး ဦးဦးဖျားဖျား အကယ်ဒမီထူးချွန်ဆုကို ရရှိသွားလေမလားဆိုတာ ကတော့ ရင်ခုန်စောင့်စားရတော့မှာ ဖြစ်ပါတယ်။  
2 years Ago

အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား အကယ်ဒမီဆု ဘယ်သူရနိုင်မလဲ

၂၀၁၈ ခုနှစ် တနှစ်တာအတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကား တွေထဲမှာ ထူးချွန်ပြောင်မြောက်စွာ ကြိုးစားခဲ့ကြတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုချီးမြှင့်မယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲ အခမ်းအနားကို မနက်ဖန် မတ်လ ၂၃ရက်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်း ၈၃ ကားရုံတင်ပြသနိုင်ခဲ့ပြီး အဲဒီထဲကမှ ဒုတိယအဆင့်ဆန်ကာတင် ရုပ်ရှင်ကား ၂၅ ကားကို ရွေးချယ်ထားခဲ့ပြီး ဖြစ် ပါတယ်။ ဒီကားတွေထဲမှာတော့ ပုံမှန်သမားရိုးကျ အခြေအနေတခုကနေ ပြန်လည်ခွဲထွက် ပြီး ထူးခြားတဲ့ တင်ဆက်ပုံတွေနဲ့ ရိုက်ကူးထားတဲ့ မြန်မာရုပ်ရှင်ကားတွေလည်း ပါဝင်နေ ခဲ့တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ အကယ်ဒမီပေးပွဲကို ဦးဆောင်ကျင်းပပြု လုပ်လာတာ ၆ နှစ်ရှိခဲ့ပြီဖြစ်ပြီး အခုနှစ်မှာတော့ အကယ်ဒမီဆု ၁၁ဆု ချီးမြှင့်သွားမှာ ဖြစ် ပါတယ်။ အခုနှစ်မှာတော့ ဘယ်ရုပ်ရှင်ကားကများ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုကို  ဆွတ်ခူး ရရှိသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ပရိသတ်တွေကရော ရေပန်းစားနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဘယ်ကားက အခုနှစ် ရဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုကို ဆွတ်ခူးသွားနိုင်မလဲဆိုတာကို ခန့်မှန်းပေးကြ ပါဦး။ ဥပါဒါန် ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ကို အခြေပြုပြီး ဖန်တီးပုံဖော်ထားခဲ့တဲ့ ဒီကားဟာ ထူးခြားတဲ့ မြန်မာရုပ်ရှင်ကားတကားဖြစ်ပြီး အကြောင်းကြောင်းတွေကြောင့် ထွက်ရှိဖို့ ကြန့်ကြာနေခဲ့ရပြီး အချိန် ၁၀ နှစ်ကျော်လောက်အကြာမှ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ မောင်အောင်(ရူပဗေဒ)ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ဗန်းကြီးက ရိုက် ကူးထားခဲ့တဲ့ ဒီရုပ်ရှင်ကားကတော့ သာသနာကို မြတ်နိုးတန်ဖိုးထားတဲ့ ရဟန်းပျိုတပါးနဲ့ ဘာသာသနာအပေါ် ကြည်ညိုလွန်းခဲ့ပေမယ့် သဒ္ဓါလွန်ကဲပြီး ဆုတောင်းမှားခဲ့တဲ့ မိန်းမ ချောလေးတယောက် အကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး သရုပ်ဆောင်သစ် မင်းသား ခိုင်ထူးသာနဲ့ မင်းသမီး နန်းဆုဦးတို့က ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ တခြားသရုပ်ဆောင်တွေအနေနဲ့ ၀ါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ခင်ဇာခြည် ကျော်၊ မေသဉ္ဇာဦး၊ ချိုပြုံးနဲ့ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါ တယ်။ မီ နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ၀တ္ထုကို ဒါရိုက်တာ ဏကြီးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ရိုက်ကူးထားတာဖြစ်ပြီး Victoria Film Production က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းဟာ နားလည် ရခက်တဲ့ မီဆိုတဲ့ မိန်းကလေးတယောက်ကြောင့် ယောက်ျားတွေ အရူးအမူးဖြစ်ကြတဲ့ အကြောင်း၊ ချစ်တဲ့စိတ်တဖက်၊ သံသယစိတ်တဖက်နဲ့ မီကို လက်ထပ်ယူခဲ့တဲ့ အ မျိုးသားတယောက် အကြောင်းကို တင်ပြထားခဲ့တာပါ။ ဒီကားထဲမှာတော့ အဲဒီခေတ်က လို အပြင်အဆင်တွေ၊ အထူးပြုလုပ်မှုတွေနဲ့ ရုပ်ရှင်အဖြစ် ပုံပေါ်လာအောင် ရိုက်ကူး ထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အဓိကဇာတ်ကောင် မီနေရာမှာ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုး သုက ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်တို့က အတွဲညီညီ တွဲဖက်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ မုဒြာရဲ့ခေါ်သံ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပြသခဲ့ပြီးမှ မြန်မာနိုင်ငံမှာ ရုံတင်ပြသနိုင်ခဲ့တဲ့ ဒီရုပ်ရှင်ကားကတော့ အခုလာမယ့် အကယ်ဒမီဆုဆန်ကာတင်စာရင်းမှာ ပါဝင်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ Central Base Productions ကနေ ထွက်ရှိလာခဲ့တာဖြစ်ပြီး အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ပွဲဦးထွက်လက်ရာရုပ်ရှင်ကား တကားဖြစ်ပါ တယ်။ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့တဲ့ မြန်မာပြည်ဖွား ဂျေဒန် (Jaden)ဟာ သူ့ရဲ့ ဇစ် မြစ်ကို ရှာဖွေဖို့ မြန်မာပြည်သို့ပြန်လာခဲ့ချိန်မှာ ထင်မှတ်မထားတဲ့ အမှန်တရားတခုကို ရှာ ဖွေတွေ့ရှိခဲ့ရတဲ့ ဇာတ်လမ်းတပုဒ်ပါ။ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဂျေဒန်ဟာ  သူ့ရဲ့ ဂီတမဟာတန်းသုတေသန စာတမ်းအတွက် မြန်မာ့ရိုးရာဂီတနဲ့ အကကို သုတေသနပြုဖို့ ကြိုးစားချိန်မှာ ယဉ်ကျေးမှုတက္ကသိုလ်မှ ရိုးရာဂီတဘာသာရပ်နဲ့ ဘွဲ့ရထားခဲ့သူ နှင်းသူဇာနဲ့ ဆုံခဲ့ကြတယ်။ သူ့ရဲ့ အကူအညီနဲ့ ဂျေဒန်ရဲ့ မိဘအရင်းနဲ့ ဇာစ်မြစ်ကို ရှာဖွေပုံနဲ့ တင်ဆက်ထားတဲ့ ဒီကားထဲမှာတော့ မြန်မာပြည်ခရီးစဉ်တလျှောက် လူသိနည်းတဲ့ ဒေသခံတွေရဲ့ နေထိုင်မှုပုံစံတွေ၊ တွေ့မြင်ရခဲတဲ့ အလှအပတွေကို ထင်ဟပ်စေတဲ့ ဇာတ် ကားတကား ဖြစ်ခဲ့ပါတယ်။ ဒီကားထဲမှာ မျက်နှာသစ် သရုပ်ဆောင်မင်းသား ဇဏ်ခီနဲ့အတူ သရုပ်ဆောင် မင်း သမီး လှယဉ်ကျေး၊ နန်းဝေေ၀ထွန်းတို့က ပါဝင်ထားခဲ့ကြတာပါ။ နိုင်ငံတကာမှာ ရုပ်ရှင်ထူးချွန်ဆုတွေ ရရှိထားတဲ့ ဒီရုပ်ရှင်ကားက မြန်မာ့ရုပ်ရှင်အ ကယ်ဒမီဆုကိုရော ဆွတ်ခူးသွားနိုင်မလားဆိုတာကိုတော့ မကြာခင်မှာ သိကြရတော့မှာ ဖြစ်ပါတယ်။ မုန်းစွဲ ၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှာ ရုံတင်ပြသခဲ့ပြီး ရုံတင်စံချိန်ချိုးခဲ့တဲ့ ဒီရုပ်ရှင်ကား ဟာ ဖြစ်ရပ်မှန် တရားတော်တပုဒ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လွင်မင်းအံ့ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ကားဟာ ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတဲ့ အသေလှတဲ့သူ အ မည်ရတဲ့ ဖြစ်ရပ်မှန်တရားတော်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။ ‘ချစ်စွဲ မုန်းစွဲ’ နဲ့ သေပြီးတော့ လူအဖြစ်ဝင်စားတဲ့အခါမှာ မုန်းစိတ်က အရမ်းစွဲ လမ်းနေပြီး မုန်းစွဲစိတ်နဲ့ လူဝင်စားဖြစ်ချိန်မှာ ဒုက္ခများရတဲ့အကြောင်းတွေ၊ အဓိက, ကတော့ ဘဝကို ချစ်ခြင်း၊ မုန်းခြင်း ကင်းကင်းနဲ့ ရှေ့ဆက်ဖို့ လိုတဲ့အကြောင်း၊ လက်ရှိ ဘ၀မှာရော၊ သံသရာမှာရော အစွဲအလမ်း မကြီးသင့်တဲ့အကြောင်း၊ အမုန်းတရားတွေ ကင်းစင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားခဲ့တာပါ။ ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ နေတိုး၊ ကျော်ကျော်ဗို၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့နဲ့အတူ မကြာခင်ကမှ ကွယ် လွန်ခဲ့တဲ့ သရုပ်ဆောင်မင်းသား မင်းသွေးလည်း ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။ မုန်းစွဲရုပ်ရှင်ကားဟာ ထွက်မလာခင်ကတည်းက ပရိသတ်တွေကြားမှာ နာမည်ကြီးနေ ခဲ့တာဖြစ်ပြီး ရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေ၊ ဓာတ်ပုံ၊ အသံအထူးပြုလုပ် ချက်တွေဟာလည်း သေသပ်နေတာမို့ အကယ်ဒမီရှေ့ပြေးစာရင်းမှာ ရေပန်းစားနေခဲ့ တာပါ။ သမ္မတကြီးထံပေးစာ ဒီကားကိုတော့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး စာရေး ဆရာ လူနေရဲ့ ၀တ္ထုကို နေနော်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ၀ိုင်းက ပုံဖော် ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ပဲပြုတ်သည် အဖွားအို တယောက်ရဲ့ စာတစောင်ကနေ ဇာတ်လမ်းစတင်ထားတဲ့ ဒီရုပ်ရှင်ကားဟာ လူသတ်မှုတစ်ခုကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ တရား ဥပဒေရဲ့ အထက်မှာ အာဏာနဲ့ ငွေဟာ တကယ်ပဲ ရှိနေပြီလား။ တရားခံ မဟုတ်ဘူး ဆိုတာ သိနေလျက်နဲ့ ဒီအမှုကို ဘာကြောင့် မဖော်ထုတ်ခဲ့တာလဲ။ ဒါဟာ ငွေကြောင့် လား။ လုပ်ပိုင်ခွင့်ကြောင့်လား။ ငွေများငွေနိုင် တရားရေးကို လက်မခံနိုင်တော့တဲ့ အမှု တခုမှာ တရားဥပဒေကို မယုံကြည်နိုင်တော့တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ တွေကို ဒီရုပ်ရှင်ကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ထူးထူးခြားခြား လူငယ်သရုပ်ဆောင် မင်းသားမင်းသမီး သစ်တွေနဲ့ တွဲဖက်ရိုက်ကူးထားတာဖြစ်ပြီး အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ ဖွေးဖွေး၊ မေဆူးမောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။ မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်ကို မီးမောင်းထိုး ဖော်ကျူးထားတဲ့ သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ကားဟာ အကယ်ဒမီထူးချွန်ဆုကို ဆွတ်ခူးရရှိသွားလေမလားဆိုတာကို တော့ ရင်ခုန်စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
2 years Ago
Up