အကောင်းဆုံးခြေစွမ်းဖြင့် နိုင်ပွဲပျောက်မှုမှ နိုးထနိုင်ခဲ့ဟု ပေါ့ဂ်ဘာ ပြော

January 2, 2018

အကောင်းဆုံးခြေစွမ်းဖြင့် နိုင်ပွဲပျောက်မှုမှ နိုးထနိုင်ခဲ့ဟု ပေါ့ဂ်ဘာ ပြော

အကောင်းဆုံးခြေစွမ်းနဲ့ ၄ ပွဲဆက် နိုင်ပွဲပျောက်မှုကနေ နိုးထလာနိုင်ခဲ့ပြီလို့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာက ပြောလိုက်ပါတယ်။ မန်ယူအသင်းဟာ အဲဗာတန်နဲ့ ပွဲမတိုင်ခင် ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေခဲ့တာဖြစ်ပြီး မနေ့ညကယှဉ်ပြိုင်တဲ့ အဲဗာတန်နဲ့ပွဲမှာတော့ ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပွဲပြန်လည်ရရှိခဲ့တာပါ။ အဲဗာတန်နဲ့ပွဲမှာ နိုင်လိုစိတ် ပြင်းပြင်းထန်ထန်နဲ့ ကစားခဲ့ပြီး တိုက်စစ်ရော ခံစစ်ပါ အကောင်းဆုံး ကစားနိုင်ခဲ့လို့ ကျေနပ်မိတယ်လို့လည်း ပေါ့ဂ်ဘာက ဆိုပါတယ်။ မန်ယူအသင်းအနေနဲ့ လက်စတာ၊ ဆောက်သမ်တန် အသင်းတွေနဲ့ ပွဲမှာကတည်းက အနိုင်ရခဲ့သင့်ပေမယ့် ဘောလုံးမှာ ဒီလိုဖြစ်တတ်တယ်လို့ ပေါ့ဂ်ဘာက ဆိုပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲဗာတန်နဲ့ပွဲမှာ နိုင်ပွဲပြန်ရခဲ့တာကြောင့် ချဲလ်ဆီးအသင်းထက် တပွဲပိုကစားထားပြီး ၂ မှတ်အသာ ရမှတ် ၄၇ မှတ်နဲ့ အဆင့် ၂ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။
4 years Ago
Up