ပြီးခဲ့တဲ့ရာသီ ယူအီးအက်ဖ်အေရဲ့ အကောင်းဆုံးသွင်းဂိုးဆုကို တိုက်စစ်မှူး ရော်နယ်ဒို ရရှိသွားပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်အသင်းဘက်ကို လူတရပ်ကျော်မြင့်တဲ့ အနေအထားကနေ နောက်ပြန်ကန်ချက်နဲ့ သွင်းယူပြီး ဒီဆုကို ရရှိခဲ့တာပါ။
မဲပေးခွင့်ရသူ ၃ သိန်းခွဲနီးပါးမှာ မဲပေါင်း ၂ သိန်းနဲ့ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီသွင်းဂိုးဟာ ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ဖို့ အဓိကကျခဲ့တာဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကို ရီးရဲလ်မက်ဒရစ် ပရိသတ်တွေသာမက ဂျူဗင်တပ် ပရိသတ်တွေကပါ လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြတာပါ။
ရော်နယ်ဒိုက အခုသွင်းဂိုးနဲ့ ဆုရရှိခဲ့တဲ့အချိန်ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘဲ မဲပေးခဲ့ကြသူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။
ရိုးမားအသင်း ပရိသတ်တွေကတော့ ဂျူဗင်တပ်အသင်းဟာ မိမိတို့ကို အနိုင်ယူခဲ့တဲ့ ပြိုင်ဘက်ကစားသမားကို တန်ကြေးအများကြီးပေးပြီး ခေါ်ယူခဲ့တာနဲ့ပတ်သက်လို့ လူမှုကွန်ရက်တွေမှာ ဝေဖန်နေကြပါတယ်။
5 years Ago