အကောင်းဆုံးနည်းပြ

July 27, 2018

ကမ္ဘာ့အကောင်းဆုံးနည်းပြ ဆန်ခါတင်စာရင်းတွင် ဒက်စ်ချန့်နှင့် ဇီဒန်းတို့ ပါဝင်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က လျာထားတဲ့ ကမ္ဘာ့အကောင်းဆုံးနည်းပြ ဆန်ခါတင်စာရင်းမှာ ပြင်သစ်နည်းပြ ဒက်စ်ချန့်နဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းတို့ ပါဝင်နေပါတယ်။ နည်းပြ ဒက်စ်ချန့်ဟာ ရုရှား ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ထားပါတယ်။ နည်းပြ ဇီဒန်းကတော့ ရီးရဲလ်မက်ဒရစ်အသင်းကို ၃ နှစ်ဆက်တိုက် ချန်ပီယံလိဂ် ချန်ပီယံဖြစ်အောင် ကူညီထားတာပါ။ အင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးထားတဲ့ နည်းပြ ဆောက်ဂိတ်လည်း ဖီဖာက လျာထားတဲ့ အကောင်းဆုံးနည်းပြ ၁၁ ဦး စာရင်းမှာ ပါဝင်နေပါတယ်။ အဲဒီထဲကနေ နောက်ဆုံး ဆန်ခါတင် ၃ ယောက်စာရင်း ထပ်ကြေညာပေးသွားမှာဖြစ်ပြီး အကောင်းဆုံး နည်းပြဆုကိုတော့ လန်ဒန်မှာ စက်တင်ဘာ ၂၄ ရက်နေ့ကျရင် အခမ်းအနားနဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
3 years Ago
Up