၂၀၁၃ ခုနှစ်ကစပြီး Yahoo သုံးစွဲသူ ၁ ဘီလီယံကျော်ရဲ့ email အကောင့်တွေ အဖောက်ဝင်ခံရတယ်လို့ Yahoo အင်တာနက်ကုမ္ပဏီက ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ပြောဆိုပါတယ်။
ဒီတခေါက် စစ်ဆေးတွေ့ရှိမှုဟာ စက်တင်ဘာလက စစ်ဆေးတွေ့ရှိခဲ့တဲ့ လုံခြုံရေးကျိုးပေါက်မှုနဲ့ သီးခြားဖြစ်နိုင်တယ်လို့ Yahoo က ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း Yahoo email အကောင့် သန်း ၅၀၀ ကျော် အဖောက်ခံရတာ စစ်ဆေးတွေ့ရှိခဲ့ပြီး အဲဒါလည်း ၂၀၁၄ ခုနှစ်ကတည်းက အဖောက်ဝင်ခံနေခဲ့ရတာလို့ Yahoo ကုမ္ပဏီက ပြောဆိုပါတယ်။
Yahoo email သုံးစွဲသူတွေရဲ့ နာမည်တွေ၊ ဖုန်းနံပါတ်တွေ၊ Password တွေနဲ့ အီးမေလ်းလိပ်စာတွေ အခိုးခံရပေမယ့် သူတို့ရဲ့ ဘဏ်နဲ့ ငွေစာရင်းတွေတော့ အခိုးခံရတာ မရှိဘူးလို့ Yahoo က ဆိုပါတယ်။
လက်ရှိမှာတော့ Yahoo ကုမ္ပဏီကို အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီကြီးတခုဖြစ်တဲ့ Verizon ကုမ္ပဏီက ဝယ်ယူထားပြီး ဒီလုံခြုံရေး ချိုးဖောက်ခံရမှုတွေကို အမေရိကန် လုံခြုံရေးအာဏာပိုင်တွေနဲ့ အသေးစိတ်စုံစမ်းစစ်ဆေးနေတယ်လို့ Verizon ကုမ္ပဏီက ပြောပါတယ်။
ဘယ်လိုဖြစ်ဖြစ်၊ စက်တင်ဘာလက တွေ့ရှိခဲ့တဲ့ လုံခြုံရေးကျိုးပေါက်မှုကို စစ်ဆေးရင် နောက်ထပ် ၃ နှစ်ကြာ အချိုးဖောက်ခံရမှုတခုကို ထပ်တွေ့ရှိခဲ့တယ်။
အကောင့်ပိုင်ရှင်တွေအားလုံး သူတို့ရဲ့ Password တွေနဲ့ လုံခြုံရေးဆိုင်ရာ အမေး အဖြေတွေကို ပြန်ဖြေ၊ ပြန်ပြောင်းကြဖို့ Yahoo ကုမ္ပဏီက တိုက်တွန်းထားပါတယ်။
6 years Ago