အူနိုင်းအမ်မရီ

April 24, 2019

ကစားသမားများ၏ ဒဏ်ရာအခြေအနေကို ပြောမည်မဟုတ်ဟု အာဆင်နယ်နည်းပြ ဆို

အသုံးပြုမယ့် ကစားကွက်နဲ့ ကစားသမားတွေရဲ့ ဒဏ်ရာအခြေအနေကို ပြိုင်ဘက်အသင်းတွေသိအောင် ပြောပြသွားမှာ မဟုတ်ဘူးလို့ အာဆင်နယ်နည်းပြ အမ်မရီက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနေ့ညမှာ ဝုဗ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။ အဲဒီပွဲစဉ်မတိုင်ခင် အသင်းရဲ့ ဒဏ်ရာရ ကစားသမားစာရင်း၊ အသုံးပြုမယ့် ကစားကွက်နဲ့ ပွဲထွက်ကစားသမား စာရင်းတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းရာမှာ အမ်မရီက ဖြေကြားဖို့ ငြင်းဆန်သွားခဲ့တာ ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ အခြေအနေကို ပြောပြမှာမဟုတ်ဘဲ အဲဒါက မိမိတို့ အသင်းနဲ့သာ သက်ဆိုင်တဲ့ကိစ္စဖြစ်ပြီး မီဒီယာတွေနဲ့ မသက်ဆိုင်တဲ့အကြောင်း အမ်မရီက ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေးအတွက် ဝုဗ်နဲ့ပွဲစဉ်က အရေးပါနေပြီး အနိုင်ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
2 years Ago

April 2, 2019

ပြင်းပြသည့်စိတ်ဓာတ်ကြောင့် အဆင့်သုံးနေရာအထိ တက်လှမ်းနိုင်ခဲ့ဟု အာဆင်နယ်နည်းပြ ပြော

ပြင်းပြတဲ့ စိတ်ဓာတ်ပိုင်းကြောင့် အဆင့်သုံးနေရာအထိ တက်လှမ်းနိုင်ခဲ့တာဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး စပါးအသင်းကို ကျော်ဖြတ်ကာ အဆင့်သုံးနေရာအထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရလဒ်တွေ ပြန်လည်ကောင်းမွန်လာတာဟာ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ပိုင်းကြောင်ြ့ဖစ်ပြီး အဲဒီခြေစွမ်းကောင်းကို ဆက်ထိန်းသိမ်းသွားဖို့ လိုအပ်တယ်လို့လည်း အမ်မရီက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အိမ်ကွင်း ၁၀ ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာကြောင့် ၂၀၀၃-၂၀၀၄ ပရီးမီးယားလိဂ် ဘောလုံးရာသီပြီးနောက်မှာ ပထမဆုံးအကြိမ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ နောက်ထပ်ခြေလှမ်းတခုက တနင်္ဂနွေနေ့မှာ ကစားရမယ့် အဲဗာတန်နဲ့ပွဲစဉ်ဖြစ်ပြီး  တည်ငြိမ်မှုရှိရှိနဲ့ အတူတကွ ကြိုးစားကျော်ဖြတ်သွားဖို့လည်း အမ်မရီက ကစားသမားတွေကို တိုက်တွန်းသွားပါတယ်။
2 years Ago
More News
Up