အူဘာယာဉ်မောင်း

A d v e r t i s e m e n t With Us

July 10, 2019

အူဘာယာဉ်မောင်းနှင့် ရဲစုံထောက်တို့၏ အက်ရှင်အပစ်အခတ် ရုပ်ရှင် - Stuber (နမူနာ)

ထူးထူးခြားခြား Action Comedy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Stuber ရုပ်ရှင်ကားကို လာမယ့် ဇူလိုင် ၁၂ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဟောလိဝုဒ် နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ 20th Century Fox က တင်ဆက်လိုက်တာဖြစ်ပြီး ကနေဒါရုပ်ရှင်ဒါရိုက်တာ Michael Dowse က ရိုက်ကူး ပုံဖော်ပေးထားတာပါ။ Stu ဟာ Uber အငှားယာဉ်မောင်းတဦးဖြစ်ပြီး တနေ့မှာတော့ သူ့ကားကိုငှားတဲ့ ထူးခြားတဲ့ လူတယောက်နဲ့ ဆုံတွေ့ခဲ့ရတယ်။ အဲဒီလူကတော့ လော့စ်အိန်ဂျလိစ် ရဲဌာနက စုံထောက်ရဲအရာရှိတဦးဖြစ်တဲ့ Vic Manning ဖြစ်ပါတယ်။ Vic ဟာ ရာဇဝတ်မှုတခုနောက်ကို လိုက်နေချိန် အဲဒီအဖြစ်ထဲ Uber အငှားယာဉ်မောင်း Stu က ဘုမသိဘမသိနဲ့ ပါဝင်လာခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ Uber အငှားယာဉ်မောင်းတဦး အနေနဲ့ ငှားစီးတဲ့ ဧည့်သည်အပေါ် အကောင်းဆုံး ဝန်ဆောင်မှုပေးရင်း အန္တရာယ်တွေကြားမှာ ရှောင်ရင်းတိမ်းရင်းနဲ့ ရင်တထိတ်ထိတ် ဖြတ်သန်းရတာတွေကို အက်ရှင်နဲ့ ဟာသဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားတာကို ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ပါကစ္စတန်-အမေရိကန် သရုပ်ဆောင်မင်းသား Kumail Nanjiani၊ အမေရိကန် သရုပ်ဆောင်မင်းသား Dave Bautista တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြား ဟောလိဝုဒ်သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Iko Uwais၊ Natalie Morales နဲ့ Betty Gilpin တို့လည်း ပါဝင်ထားကြပါတယ်။ ကြာမြင့်ချိန် ၁၀၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အက်ရှင် အပစ်အခတ် တိုက်ခိုက်မှု ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကားတွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ South By Southwest ရုပ်ရှင်ပွဲတော်မှာ ကနဦး ပြသခဲ့တာဖြစ်ပြီး ချီးကျူးမှုတွေလည်း ရရှိထားတဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ IMDb မှာ Rating 5.8 ရရှိထားတဲ့ ဒီရုပ်ရှင်ကား နမူနာဟာ ယူကျုပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၈ သန်းနီးပါး ရှိနေပါတယ်။
2 years Ago

June 3, 2019

အူဘာယာဉ်မောင်း၏ အကူအညီဖြင့် တက္ကစီပေါ်တွင် ကလေးမွေးသည့် အမျိုးသမီး

“ကျမကို ကလေးမွေးနိုင်ဖို့ ကူညီပေးခဲ့ပါတယ်” ဆိုတဲ့ ခရီးသည်တွေရဲ့ feedback တမျိုးကို အူဘာတက္ကစီကားတွေမှာ ထည့်သွင်းသင့်ကြောင်း သက်သေပြခဲ့တဲ့ ဖြစ်ရပ်တခု မကြာသေးခင်က အင်္ဂလန်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ ကရူနယ်ရူကလာလို့ခေါ်တဲ့ အူဘာတက္ကစီယာဉ်မောင်းတဦးဟာ မကြာသေးခင်က နေ့စေ့လစေ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနဲ့ သူ့မိသားစုကို လန်ဒန်အရှေ့ပိုင်းကနေ စိန့်သောမတ်ဆေးရုံကို လိုက်ပို့ဖို့ တင်ဆောင်လာခဲ့ပါတယ်။ ဒါပေမယ့် ကားထွက်ပြီး မိနစ်ပိုင်းအကြာမှာပဲ အမျိုးသမီးဟာ ကားပေါ်မှာတင် မီးဖွားခဲ့ပါတယ်။ ကလေးမိခင်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် လူဂူတီရတ်က “ကျမ ဗိုက်နာလာတယ်ဆိုတော့ ဒရိုင်ဘာက လူနာတင်ယာဉ်ခေါ်ပေးဖို့ ဖုန်းဆက်ခဲ့ပါတယ်။ ဒါပေမယ့် ကျမဗိုက်ထဲက ကလေးကတော့ ဒါကို မစောင့်နိုင်ခဲ့ပါဘူး” လို့ ပြောပါတယ်။ လူနာတင်ယာဉ် ရောက်လာတဲ့အချိန်မှာတော့ ကလေးလေးဟာ လူ့လောကကို ရောက်ရှိနေပြီ ဖြစ်ပြီး သတ်မှတ်ချိန်ထက် တပတ်လောက် စောမွေးခဲ့တာပါ။ လူဂူတီရတ်က “ကားဒရိုင်ဘာကြီးက ကျမတို့အတွက် အရမ်းအထောက်အကူဖြစ်ခဲ့ပြီး သူ့ကြောင့် အရာရာ အဆင်ပြေခဲ့တာပါ” လို့ ပြောပါတယ်။ အူဘာယာဉ်မောင်း ကရူနယ် ရူကလာကတော့ “ဒီအမျိုးသမီး ကားပေါ်မှာ မွေးမယ်မှန်းသိရင် လူနာတင်ယာဉ်တစီး ခေါ်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။ အခုအချိန်မှာတော့ လူဂူတီရတ်တို့ မိသားစုဟာ ကလေးလေးကို ဘာနာမည်ပေးမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ သိရပြီး သူမရဲ့ မွေးချင်းတဦးကတော့ ဒီကလေးငယ်လေးဟာ အူဘာတက္ကစီပေါ်မှာ မွေးခဲ့တာကြောင့် သူ့နာမည်ကို အူဘာလို့ ပေးသင့်ကြောင်း အကြံပြုထားပါတယ်။
2 years Ago
Up