အူဒီနီစ်

October 6, 2018

အူဒီနီစ်နှင့်ပွဲတွင် စီရော်နယ်ဒို ပါဝင်ကစားမည်

တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုအနေနဲ့ ဒီညမှာ ကစားမယ့် အူဒီနီစ်နဲ့ ပွဲစဉ်မှာ ပါဝင်ကစားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဂျုဗင်တပ် နည်းပြအယ်လီဂရီက ပြောပါတယ်။ တိုက်စစ်မှူး ရော်နယ်ဒိုဟာ လတ်တလောမှာ အမေရိကန် အမျိုးသမီးတယောက်ကို အဓမပြုကျင့်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာပါ။ ရော်နယ်ဒို ကိုယ်တိုင်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ဂျုဗင်တပ် နည်းပြ အယ်လီဂရီကတော့ ရော်နယ်ဒိုရဲ့ အခြေအနေတွေ အားလုံးကောင်းတယ်လို့ ပြောဆိုထား ပါတယ်။ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ကတော့ ဒီလထဲမှာ ကစားမယ့် နိုင်ငံတကာပွဲစဉ်တွေမှာ ရော်နယ်ဒိုကို မခေါ်ဘဲ ချန်ထားခဲ့ပါတယ်။ ဂျုဗင်တပ် နည်းပြကတော့ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်နဲ့ ရော်နယ်ဒိုတို့ နှစ်ဘက် သဘောတူညီချက်ကြောင့် လက်ရွေးစင် အသင်းမှာ မခေါ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
3 years Ago
Up