ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် လိဂ်ပြိုင်ပွဲ ဖျက်သိမ်းခဲ့တဲ့ နယ်သာလန်လိဂ်ကို အူထရတ်အသင်းက တရားစွဲဆိုသွားဖို့ ပြင်ဆင်နေပါတယ်။
နယ်သာလန်လိဂ်ပြိုင်ပွဲ တာဝန်ရှိသူတွေဟာ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် လိဂ်ပြိုင်ပွဲကို ဆက်လက်ကျင်းပခြင်းမပြုတော့ဘဲ လက်ရှိရလဒ်အတိုင်းသာ ပြီးဆုံးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
စုစုပေါင်း ၁၈ သင်း ယှဉ်ပြိုင်နေတဲ့ ဟော်လန်လိဂ်မှာ ပွဲစဉ် ၂၅ ပွဲသာ ကစားရသေးပြီး ၉ ပွဲ ကျန်သေးတာပါ။
ချန်ပီယံအသင်းအဖြစ် အေဂျက်ဇ်၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အေဂျက်ဇ်နဲ့ အယ်ခမာ၊ ယူရိုပါလိဂ်ဝင်ခွင့်အတွက် ဖီယင်နု၊ ပီအက်စ်ဗွီနဲ့ Willem II အသင်းတို့ ဝင်ခွင့်ရထားပါတယ်။
ဒါပေမဲ့ အဆင့် ၅ နေရာက Willem II နဲ့ အဆင့် ၆ နေရာက အူထရတ်အသင်းတို့ကြားမှာ ၃ မှတ်သာ ကွာဟပြီး အူထရတ်အသင်းက တပွဲလျော့ ကစားထားတာပါ။
အူထရတ်အသင်းအနေနဲ့ ယူရိုပါလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့တာကြောင့် တရားစွဲဆိုဖို့အတွက် ရှေ့နေတွေ ငှားရမ်းထားတယ်လို့ သိရပါတယ်။
တန်းဆင်း တန်းတက်စနစ်ကိုလည်း ပယ်ဖျက်ခဲ့တာကြောင့် ဒုတိယတန်းမှာ ဦးဆောင်နေတဲ့ Cambuur Leeuwarden အသင်းရဲ့ ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။
10 months Ago