အူစမန်ဒမ်ဘီလီ

December 7, 2020

တံကောက်ကြောဒဏ်ရာကြောင့် ဂျူဗင်တပ်စ်နဲ့ချန်ပီယံလိဂ်ပွဲ ဒမ်ဘီလီလွဲချော် ဖွယ်ရှိ

တံကောက်ကြောဒဏ်ရာကြောင့် ဘာစီလိုနာတောင်ပံကစားသမား အူစမန်ဒမ်ဘီလီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေပါတယ်။  ဒမ်ဘီလီဟာ ကာဒစ်ဇ်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လူစားဝင်ကစားသမားအ အဖြစ်ပါဝင်ခဲ့ပါတယ်။  သူဟာ ၁ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်နေချိန် ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တာဖြစ်ပြီး အသင်း ချေပဂိုးရရှိရေးအတွက် ဖိအားပေးရာမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။  ဒမ်ဘီလီဟာ ကာဒစ်ဇ်နဲ့ ပွဲမှာ ဒဏ်ရာမရဘဲ ပွဲပြီးတဲ့အထိကစားနိုင်ခဲ့ပေမဲ့ ကစားသမားမှာ ဒဏ်ရာပြဿနာရှိနေတယ်လို့ ပွဲအပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဒဏ်ရာကြောင့် နူးကမ့်ကွင်းမှာ ကန်မယ့် ဂျူဗင်တပ်စ်အသင်းနဲ့ အင်္ဂါနေ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုပါ လွဲချော်ရနိုင်တယ်လို့ အသင်းရဲ့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။  ဒီဇင်ဘာ ၆ ရက် မနက်ပိုင်း စစ်ဆေးမှုတွေအရ ပထမအသင်းကစားသမား အူစမန်ဒမ်ဘီလီမှာ တံကောက်ကြောဒဏ်ရာ ရရှိထားတာတွေ့ရပါတယ်။  ဒါ့ကြောင့် သူ့ကို အသင်းလူစာရင်းမှာ ထည့်သွင်းစဉ်းစားခြင်း မလုပ်ဖို့ ဒါမှမဟုတ် သူ့ဒဏ်ရာ အခြေနေပေါ်မူတည်ပြီး သူကစားနိုင်ခြင်း ရှိ၊မရှိဆုံးဖြတ်ရမယ်လို့ ဘာကာအသင်း ဘက်က  ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ပြင်သစ်လက်ရွေးစင် ဒမ်ဘီလီဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ့မွန်အသင်းကနေ ဘာစီလိုနာအသင်းကို ပေါင် ၁၁၇ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ဒဏ်ရာပြဿနာတွေကြောင့် ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။  အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ပြင်းထန်တဲ့ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတာကြောင့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ဒုတိပိုင်းတစ်ပိုင်းလုံးကိုလည်း လွဲချော်ခဲ့ရပါတယ်။  အခုရာသီ မတိုင်ခင်ဒဏ်ရာကနေ ပြန်လည်သက်သာလာတာဖြစ်ပြီး ဘာကာအသင်းအတွက် ရာသီအသစ်မှာ ၁၂ ပွဲ ပွဲထွက်ကစားထားပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စု G မှာ နောက်တစ်ဆင့်တက်ရောက်ဖို့ သေချာ သွားခဲ့ပြီဖြစ်ပြီး အင်္ဂါနေ့ဂျူဗင်တပ်စ်နဲ့ပွဲမှာ အုပ်စုဗိုလ်နေရာရရှိနေရးအတွက် ယှဉ်ပြိုင်ကစား သွားရမှာဖြစ်ပါတယ်။
1 year Ago

February 14, 2020

လေ့ကျင့်ရင်း ဒဏ်ရာထပ်ရခဲ့သဖြင့် ဒမ်ဘီလီ ၆ လခန့် နားရမည်

တကောက်ကြောဒဏ်ရာ ခွဲစိတ်မှု အောင်မြင်ခဲ့တဲ့ ဘာစီလိုနာတောင်ပံကစားသမား အူစမန်ဒမ်ဘီလီဟာ ၆ လလောက် အနားယူရတော့မှာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ နိုဝင်ဘာ ၂၇ ရက်ကတည်းက ဒဏ်ရာကြောင့် အနားယူနေခဲ့ရသူပါ။ သူဟာ အဲဒီနေ့အသင်းဟောင်း ဒေါ့မွန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာကြောင့် ကွင်းထဲက ထွက်ခွာသွားခဲ့ရပါတယ်။ ဒမ်ဘီလီဟာ ဒီဒဏ်ရာကနေ ပြန်လည်သက်သာလာပေမယ့် ပြီးခဲ့တဲ့သီတင်းပတ် လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာထပ်ရခဲ့တာကြောင့် ဖေဖော်ဝါရီ ၁၁ ရက်က ဖင်လန်နိုင်ငံမှာ သွား ရောက်ခွဲစိတ်ရပါတယ်။  ဒမ်ဘီလီဟာ တကောက်ကြောဒဏ်ရာကို ဖင်လန်နိုင်ငံ တာကူမြို့မှာ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပြီး သူဟာ အသင်းလူစာရင်းကနေ ၆ လလောက် အနားယူရပါတော့မယ်လို့ ဘာစီလိုနာအသင်းက ထုတ်ပြန်ပါတယ်။  ဒမ်ဘီလီဟာ ညာဘက်ခြေထောက်မှာ ဒဏ်ရာရခဲ့တာပြီးတော့ ဒီဒဏ်ရာကြောင့် သူဟာ ယူရို ၂၀၂၀ ပြိုင်ပွဲ ပြင်သစ်အသင်းမှာ ပါဝင်ခွင့်ကိုလည်း ဆုံးရှုံးရနိုင်ခြေရှိပါတယ်။ ဒီပြိုင်ပွဲကို လာမယ့်ဇွန်လ ၁၆ ရက် ဂျာမနီနိုင်ငံမှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။  ဒမ်ဘီလီဟာ ဒေါ့မွန်အသင်းကနေ ဘာစီလိုနာအသင်းကို ၂၀၁၇ ခုနှစ် ဩဂုတ်မှာ ပြောင်းရွှေ့ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဘာစီလိုနာအသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းနေခဲ့ရပြီး ကတ်တလန် အသင်းအတွက် ပြိုင်ပွဲစုံ ၇၄ ပွဲကစားပြီး ၁၉ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ဒဏ်ရာသတင်းဟာ မတည်မငြိမ်ဖြစ်နေတဲ့ ဘာစီလိုနာအသင်းအတွက် ထိုးနှက်ချက်တ ခု ဖြစ်လာပြီးတော့ တဘက်မှာလည်း အားထားရတဲ့ တိုက်စစ်မှူး လူးဝစ္စဆွာရက်ဟာ ခန့်မှန်းထား တာထက် ပိုစောပြီးတော့ ကစားနိုင်တော့မယ်လို့ သိရပါတယ်။  ဆွာရတ်ဟာ ညာဘက်ဒူးဒဏ်ရာကို မကြာသေးခင်က ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ဒီဒဏ်ရာ ကြောင့် သူဟာ ရာသီကုန်တဲ့အထိ အနားယူရတော့မယ်လို့ ခန့်မှန်းမှုတွေ ရှိခဲ့ပါတယ်။  လက်ရှိအချိန်မှာတော့ သူ့ဒဏ်ရာဟာ ထင်ထားတာထက်ပိုပြီး လျင်လျင်မြန်မြန် သက်သာ လာခဲ့ကာ ဧပြီမှာ အသင်းအတွက် ပြန်ကစားပေးနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။
2 years Ago
Up