ရုရှားလေယာဉ်ကို ပျက်ကျသွားစေတဲ့ လက်လုပ်ဗုံးဓာတ်ပုံကို အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်) ရဲ့ တရားဝင်မဂ္ဂဇင်းက နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။
အောက်တိုဘာလက ဗုံးကြောင့် ရုရှားလေယာဉ်ဟာ အီဂျစ်အနီးမှာ ပျက်ကျခဲ့ပြီး စီးနင်းလိုက်ပါလာတဲ့ လူ ၂၂၄ ဦး သေဆုံးခဲ့ပါတယ်။
မဂ္ဂဇင်းက ပြသလိုက်တဲ့ ဓာတ်ပုံထဲမှာတော့ Schweppes တံဆိပ် အချိုရည်နဲ့ တခြား ဖောက်ခွဲရေးပစ္စည်းတွေ ပါရှိပါတယ်။
ဒါ့အပြင် မူဂျာဟစ်ဒင်တွေ ရရှိခဲ့တဲ့ သေဆုံးတဲ့ ရုရှားနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကိုလည်း ပြသခဲ့ပါတယ်။
ရှမ်အယ်လ်ရှိတ်ခ် (Sharm al-Sheikh) လေဆိပ်က ဟာကွက်ကို အမြတ်ထုတ်ပြီး ဗုံးကို တင်ဆောင်ခဲ့တာလို့ အိုင်အက်စ်က ပြောပါတယ်။
အစောပိုင်းက အမေရိကန်ဦးဆောင်တဲ့ ဆီးရီးယား ဗုံးကြဲတိုက်ခိုက်မှုမှာ ပါဝင်တဲ့ နိုင်ငံတွေထဲက လေယာဉ်ကို ဖျက်ချဖို့ ကြိုးစားခဲ့ပေမယ့် နောက်ပိုင်းမှာ အစီအစဉ် ပြောင်းသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
သတင်းဓာတ်ပုံ - ရိုက်တာ
5 years Ago