အိုးအိမ်မဲ့

December 24, 2017

ဖိလစ်ပိုင်တွင် မုန်တိုင်းကြောင့် သေဆုံးသူ ၂၀၀ ခန့်ရှိပြီ၊ လူ ၇ သောင်းခန့် အိုးအိမ်မဲ့

ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်း “တမ်ဘင်” ၀င်ရောက်ခဲ့ပြီးနောက် ရေကြီး မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် သေဆုံးသူ ဦးရေဟာ ၂၀၀ နီးပါးအထိ မြင့်တက်ခဲ့ပြီး ၇ သောင်းလောက် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ အဲဒီ မုန်တိုင်းဟာ ဒီဇင်ဘာလ ၂၄ နေ့က အနောက်ပိုင်းကို ရွှေ့လျားခဲ့ပြီး အစွန်အဖျားကျွန်းတွေနဲ့ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းကာ ဗီယက်နမ်နိုင်ငံတောင်ပိုင်းကို လေတိုက်နှုန်း ၁ နာရီ ၁၂ မိုင်နှုန်းနဲ့ ၀င်ရောက်သွားခဲ့ပါတယ်။ အဲဒီ မုန်တိုင်း “တမ်ဘင်”ဟာ ဖိလစ်ပိုင်နိုင်ငံက ဆုတ်ခွာချိန်မှာ လေတိုက်နှုန်း ၁ နာရီ ၇၅ မိုင်ရှိတယ်လို့ အမျိုးသား မိုးလေ၀သ သတင်းဌာနကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up