ပရီးမီးယားလိဂ် ဒီကနေ့ကစားမယ့် အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ယူအသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပေမယ့် ချယ်လ်ဆီး နဲ့ ပွဲစဉ်ကလို မန်ယူအသင်းကို သေချာပေါက် အနိုင်ကစားမယ်လို့ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်က ပြောကြားလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ မန်ယူကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် ကြောက်ရွံ့စိတ်ကင်းစွာနဲ့ အနိုင်ယူပြမှာဖြစ်ကြောင်း အိုဇေးလ်က ပြောပါတယ်။
အာဆင်နယ်ဟာ အရင်က ချယ်လ်ဆီးကို ရင်ဆိုင်ရချိန် ရှုံးပွဲကြုံတတ်ပေမယ့် အခုနှစ်မှာ သုံးဂိုးပြတ်နဲ့ အနိုင်ယူခဲ့တာကို ကြည့်ခြင်းအားဖြင့် အရင်ကနဲ့မတူတဲ့ အာဆင်နယ်ကို ပရိသတ်တွေ မြင်တွေ့ရမှာဖြစ်ကြောင်းလည်း အိုဇေးလ်က ပြောပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့နှစ်က အိုးလ်ထရက်ဖို့ဒ်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရစဉ်ကတော့ မန်ယူအသင်းကို သုံးဂိုး-နှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
6 years Ago