အိုဇေးလ်

A d v e r t i s e m e n t With Us

April 2, 2019

စပါးအသင်း၏ အထက်တွင် ရပ်တည်နိုင်သည့်အတွက် ဂုဏ်ယူကြောင်း အိုဇေးလ် ပြော

မြောက်လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်းရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ဂုဏ်ယူကြောင်း အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်က ပြောကြားလိုက်ပါတယ်။ အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ မြောက်လန်ဒန်ဒါဘီ ပြိုင်ဘက်တွေ ဖြစ်တာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နှစ်ရာသီဆက် စပါးအသင်းက အာဆင်နယ်ရဲ့အထက်မှာ ရပ်တည်နိုင်ခဲ့တာကြောင့် အာဆင်နယ် ပရိသတ်တွေအတွက် မျက်နှာငယ်စရာ ဖြစ်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ စပါးအသင်းရဲ့ အထက်မှာ နှစ်မှတ်အကွာနဲ့ ရပ်တည်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး အိုဇေးလ်က ကျေနပ်နေပါတယ်။ စပါးနဲ့ မိမိတို့အသင်းကြားမှာ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိပြီး လက်ရှိခြေစွမ်းအတိုင်းသာ ဆက်ကစားသွားနိုင်မယ်ဆိုရင် ပွဲအားလုံး အနိုင်ရပြီး အဆင့်လေးအတွင်းဝင်မှာ ဖြစ်တယ်လို့လည်း အိုဇေးလ်က ဆိုပါတယ်။ သူ့ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ပြောကြားရာမှာတော့ အသင်းကို ကူညီနိုင်ဖို့ အမြဲတမ်း ကြိုးစားနေပြီး တဦးချင်းထက် အသင်းလိုက်ခြေစွမ်း ကောင်းမွန်တာကြောင့် နိုင်ပွဲတွေရခဲ့တာဖြစ်တယ်လို့ အိုဇေးလ်က ပြောကြားခဲ့ပါတယ်။
2 years Ago

March 7, 2019

ဘိုတန်ကို ဂျာမနီအသင်းတွင် မရွေးသည့်အတွက် ဝမ်းနည်းကြောင်း အိုဇေးလ် ပြော

နောက်ခံလူ ဘိုတန်ကို ဂျာမနီအသင်းမှာ မရွေးချယ်တော့ဘူးလို့ သတင်းထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ဝမ်းနည်းမိတယ်လို့ အိုဇေးလ်က ပြောကြားလိုက်ပါတယ်။ ဂျာမနီအသင်းဟာ အနာဂတ်မှာ လူငယ်ကစားသမားတွေကို ဦးစားပေး အသုံးပြုသွားဖို့ ရှိတာကြောင့် ၂၀၀၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆုဖလား ရယူပေးခဲ့ကြတဲ့ ဘိုတန်၊ ဟမ်းမဲလ်နဲ့ သောမတ်စ်မူလာတို့ကို လက်ရွေးစင်အသင်းမှာ ရွေးချယ်တော့မှာ မဟုတ်ဘူးလို့ တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဘိုတန်ဟာ လူငယ်ကစားသမား ဘဝကတည်းက မိမိနဲ့အတူ တွဲဖက်ကစားခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး အသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ အခြေအနေမျိုး ဖြစ်သွားတဲ့အတွက် ဝမ်းနည်းမိတယ်လို့ အိုဇေးလ်က တွစ်တာကနေတဆင့် ပြောကြားခဲ့ပါတယ်။ အိုလ်ဇေးလ်လည်း ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့လို့ ဝေဖန်မှုတွေ ရှိခဲ့ပြီးနောက် လက်ရွေးစင်ကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။ အိုဇေးလ်အနေနဲ့ ဘိုတန်အတွက် ဝမ်းနည်းစကား ဆိုခဲ့ပေမယ့်လည်း တခြားအသင်းဖော်တွေဖြစ်တဲ့  မူလာနဲ့ ဟမ်းမဲလ်တို့ကိုတော့ ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။ ဂျာမနီအသင်းဘက်ကတော့ ဝါရင့်ကစားသမားသုံးဦးကို အနားပေးလိုက်ပေမယ့် သူတို့ရဲ့ခြေစွမ်းက အမြင့်ဆုံးမှာ ရှိနေဆဲဖြစ်ပြီး လူငယ်တွေနဲ့ တည်ဆောက်သွားချင်တာကြောင့် ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။
2 years Ago
More News
Up