အိုဟိုင်းဟိုပြည်နယ် တက္ကသိုလ်ဝင်းအတွင်း သေနတ်ပစ်ခတ်မှုဖြစ်၊ လူ ၇ ဦး ဒဏ်ရာရ

November 29, 2016

အိုဟိုင်းဟိုပြည်နယ် တက္ကသိုလ်ဝင်းအတွင်း သေနတ်ပစ်ခတ်မှုဖြစ်၊ လူ ၇ ဦး ဒဏ်ရာရ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု အိုဟိုင်းဟိုပြည်နယ် တက္ကသိုလ်ဝင်းထဲမှာ နိုဝင်ဘာ ၂၈ ရက်က သေနတ်ပစ်ခတ်မှုတခု ဖြစ်ခဲ့ပြီး လူ ၇ ဦး ဒဏ်ရာရသွားတယ်လို့ စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့လိုက်ရတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ သေနတ်သမားကို ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့တွေကို ကိုးကားပြီး WBNS သတင်းက ဆိုပါတယ်။ အပေါ်စီးကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာ ကျောင်းဝင်းထဲ ရဲကားတွေ ရောက်နေတာကို တွေ့ရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ တွစ်တာအကောင့်မှာလည်း ရဲအဖွဲ့က တက္ကသိုလ်လုံခြုံရေးအဖွဲ့ကို အကူအညီပေးနေတယ်လို့ ရေးသားထားပါတယ်။
5 years Ago
Up