အိုဝင်

April 19, 2019

ချန်ပီယံလိဂ်ဆီမီး ဒုကျော့ကို အိမ်ကွင်းတွင်ကစားရမှု လီဗာပူးအတွက် အားသာဟု အိုဝင် ပြော

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမယ့် အခြေအနေက ဘာစီလိုနာကို လီဗာပူး ကျော်ဖြတ်သွားနိုင်မယ့် အားသာချက် ဖြစ်တယ်လို့ မိုက်ကယ်အိုဝင်က သုံးသပ် ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို လာမယ့် မေလ ၁ ရက် ဘာစီလိုနာကွင်းမှာ စတင်ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ ပွဲစဉ်ကိုတော့ မေလ ၈ ရက် အန်ဖီးလ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။ ပထမအကျော့ကို နူးကမ့်မှာ သွားကစားရမှာက လီဗာပူးအတွက် ကြီးမားတဲ့ အားသာချက်ဖြစ်ပြီး ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမှာကတော့  ဆုလာဘ်တခုဖြစ်တယ်လို့ အိုဝင်က သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူး တိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာကလည်း လီဗာပူးအတွက် ကြီးမားတဲ့ အခွင့်အရေးဖြစ်ပြီး ဘာစီလိုနာကို ကျော်ဖြတ်သွားနိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ နောက်ထပ် လီဗာပူး ကစားသမားဟောင်းဖြစ်သူ မက်ခ်မာနာမန်ကတော့ လီယွန်နယ် မက်ဆီကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် ဘာစီလိုနာအသင်းကို ကြောက်စရာမလိုဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။
2 years Ago
Up