အိုလံပီယာကော့စ်

A d v e r t i s e m e n t With Us

September 3, 2018

မန်စီးတီးကွင်းလယ်လူ ယာယာတိုရေး အိုလံပီယာကော့စ်သို့ ပြောင်းရွှေ့

ကလပ်အသင်းများစွာရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချပြီး အိုလံပီယာကော့စ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ယာယာတိုရေးက ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းကနေ ထွက်ခွာခွင့်ပြုထားတဲ့ ယာယာတိုရေးဟာ အသင်းဟောင်း အိုလံပီယာကော့စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ အသင်းကို ဆုဖလားတွေရရှိအောင် ကူညီဖို့ မစောင့်နိုင်လောက်အောင် ဖြစ်မိကြောင်း၊ အသင်းပရိသတ်တွေက ဆုဖလားတွေနဲ့ ထိုက်တန်မှုရှိကြောင်း ယာယာတိုရေးက ပြောပါတယ်။ ယာယာတိုရေးကို အိုလံပီယာကော့စ် ပရိသတ်တွေကလည်း ကြိုဆိုခဲ့ကြပါတယ်။ တိုရေးအနေနဲ့ တနှစ်လုပ်ခ ပေါင် ၂ ဒသမ ၂ သန်း ရရှိမယ်လို့ ဆိုပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အိုင်ဗရီကို့စ် ကစားသမား ယာယာတိုရေးဟာ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ အိုလံပီယာကော့စ်အသင်းမှာ ၂၆ ပွဲကစားပြီး ၃ ဂိုး သွင်းယူခဲ့ဖူးတဲ့ ကစားသမားဟောင်းတဦးလည်း ဖြစ်ပါတယ်။
2 years Ago

September 30, 2015

ချန်ပီယံလိဂ်ပွဲ အာဆင်နယ် ၂ - ၃ အိုလံပီယာကော့စ် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ အိုလံပီယာကော့စ်တို့ စက်တင်ဘာ ၂၉ ရက်ညက ယှဉ်ပြိုင်ရာမှာ အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာ အိုလံပီယာကော့စ်အတွက် ပါဒိုက အဖွင့်ဂိုးသွင်းယူပြီး ၃၅ မိနစ်မှာ ဝေါကော့က အာဆင်နယ်အတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် မိနစ် ၄၀ မှာ အာဆင်နယ်ဂိုးသမား အော့စ်ပီနာ ကိုယ့်ဂိုးကိုယ်သွင်းမိတာကြောင့် ပထမပိုင်းအပြီးမှာ အာဆင်နယ်အသင်း ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်နေပါတယ်။ ပွဲချိန် ၆၅ မိနစ်မှာ အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်စ် ဒုတိယချေပဂိုး သွင်းယူခဲ့ပေမယ့် နောက် ၁ မိနစ်အကြာ ၆၆ မိနစ်မှာ အိုလံပီယာကော့စ်အတွက် ဖင်ဘိုဂါဆန်က အနိုင်ဂိုး သွင်းယူခဲ့လို့ ပွဲအပြီးမှာ အာဆင်နယ် ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲစလုံး ရှုံးနိမ့်တဲ့အတွက် ရမှတ်မရသေးဘဲ အုပ်စုအောက်ဆုံးအဆင့်မှာ ရပ်တည်နေပါတယ်။
5 years Ago
Up