အိုလံပီယာကို့စ် နည်းပြအဖြစ် ပေါ်တူဂီနည်းပြဟောင်းကို ခန့်အပ်

A d v e r t i s e m e n t With Us

August 12, 2016

အိုလံပီယာကို့စ် နည်းပြအဖြစ် ပေါ်တူဂီနည်းပြဟောင်းကို ခန့်အပ်

ဂရိကလပ် အိုလံပီယာကို့စ်အသင်းက နည်းပြသစ်အဖြစ် ပေါ်လို ဘန်တိုကို ခန့်အပ်လိုက်ပါတယ်။ နည်းပြဟောင်း ဗစ်တာ ဆန်းချက်ကို ထုတ်ပယ်အပြီးမှာ အသက် ၄၇ နှစ်အရွယ် ပေါ်တူဂီသား နည်းပြ ဘန်တိုကို ခန့်အပ်လိုက်တာပါ။ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ အသေးစိတ်ဖော်ပြတာ မရှိပေမယ့် ဂရိမီဒီယာတွေကတော့ နည်းပြသစ် ဘန်တိုကို ၂ နှစ်စာချုပ်နဲ့ ခန့်တာဆိုပြီး ခန့်မှန်းနေပါတယ်။ ဘန်တိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းကို ၂၀၁၀ ကနေ ၂၀၁၄ အထိ ကိုင်တွယ်ခဲ့ဖူးပါတယ်။ သူဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်း အသင်းမှာလည်း နည်းပြလုပ်ခဲ့ပြီး ၂ နှစ်ဆက်တိုက် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
5 years Ago
Up