အိုလံပစ်ပြိုင်ပွဲတွင် ရုရှားနိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခွင့် တားမြစ်ခံရ

December 6, 2017

အိုလံပစ်ပြိုင်ပွဲတွင် ရုရှားနိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခွင့် တားမြစ်ခံရ

လာမယ့် ၂၀၁၈ ပြုံချမ်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို နိုင်ငံတကာ အိုလံပစ်ကော်မတီက တားမြစ်လိုက်ပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့က ချမှတ်လိုက်တဲ့ အဲဒီဆုံးဖြတ်ချက်ကို ရုရှားအိုလံပစ်ကော်မတီ အကြီးအကဲ အလက်ဇန်းဒါး-ဇူကော့ဗ်က အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်လို့ ပြောကြားခဲ့ပါတယ်။ ရုရှားအားကစားသမားတွေအနေနဲ့ မူးယစ်ဆေး သုံးစွဲမှု ကင်းရှင်းတယ်လို့ သတ်မှတ်ခံရရင် ကြားနေ အလံအောက်မှာ ယှဉ်ပြိုင်ခွင့်ရှိတယ်လို့လည်း ဇူကော့ဗ်က ပြောကြားခဲ့ပါတယ်။ ရုရှားအားကစားသမားတွေအနေနဲ့ စည်းကမ်းချိုးဖောက်တာ မရှိဘူးဆိုရင် အခုလို အိုလံပစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ယာယီရပ်ဆိုင်းထားတာကို ပြန်လည် ပယ်ဖျက်ပေးမယ်လို့လည်း ဇူကော့ဗ်က ပြောခဲ့ပါတယ်။ နိုင်ငံတကာ အိုလံပစ်ကော်မတီဟာ ရုရှားအိုလံပစ်ကော်မတီ အကြီးအကဲ ဇူကော့ဗ်ကိုလည်း အိုလံပစ်ကော်မတီအဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့လိုက်ပါတယ်။ ရုရှားအိုလံပစ်ကော်မတီရဲ့ မူးယစ်ဆေးသုံးစွဲမှု ကင်းရှင်းရေးစနစ်မှာ မရိုးသားမှုတွေ တွေ့ရှိရတယ်ဆိုတဲ့ အထောက်အထား ထွက်ပေါ်ခဲ့ပြီးနောက် အခုလို ၂၀၁၈ ပြုံချမ်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို  တားမြစ်ခဲ့တာလို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up