အိုလံပစ်ပြိုင်ပွဲတွင် ထိုင်းနှင့်ဗီယက်နမ် ရွှေတံဆိပ် ၁ ခုစီ ရပြီ

August 7, 2016

အိုလံပစ်ပြိုင်ပွဲတွင် ထိုင်းနှင့်ဗီယက်နမ် ရွှေတံဆိပ် ၁ ခုစီ ရပြီ

ဘရာဇီးနိုင်ငံမှာ ယှဉ်ပြိုင်နေတဲ့ ရီယို ၂၀၁၆ အိုလံပစ်ပြိုင်ပွဲမှာ အာဆီယံ နိုင်ငံတွေထဲက ထိုင်းက အလေးမပြိုင်ပွဲကနေ ရွှေ့တံဆိပ် ရရှိသွားပါတယ်။ အမျိုးသမီး ၄၈ ကီလိုတန်းပြိုင်ပွဲမှာ ဆိုပီတာ တာနာဆန်က ရွှေတံဆိပ်ဆုကို ဆွတ်ခူးသွားတာပါ။ အသက် ၂၁ နှစ်အရွယ် အလေးမ ချန်ပီယံ ဆိုပီတာ တာနာဆန်ဟာ အိုလံပစ်ပြိုင်ပွဲမှာ ထိုင်းအမျိုးသမီး အားကစားသမားတွေထဲကနေ ၄ ကြိမ်မြောက်အဖြစ် ရွှေတံဆိပ်ဆုကို ရယူနိုင်တာပါ။ ဗီယမ်နက်နိုင်ငံကတော့ အမျိုးသား ၁၀ မီတာ ပစ္စတိုပြိုင်ပွဲမှာ ရွှေတံဆိပ် ရယူနိုင်ခဲ့ပါတယ်။ သြဂုတ် ၆ ရက်နေ့က ယှဉ်ပြိုင်တဲ့ အားကစားပြိုင်ပွဲတွေက ရွှေတံဆိပ် ၁၂ ခု ပေးအပ်ရာမှာ ထိုင်းနဲ့ ဗီယက်နမ်တို့က ရွှေ ၁ ခုစီ ရခဲ့တာ ဖြစ်ပါတယ်။ အိုလံပစ် ဒုတိယနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာတော့ ရွှေတံဆိပ်ပေါင်း ၁၄ ခု ပေးအပ်သွားမှာပါ။
5 years Ago
Up