အိုလံပစ်ပွဲအပြီး

January 28, 2018

အိုလံပစ်ပွဲအပြီး မြောက်ကိုရီးယား ရန်စမှုများ ဆက်လုပ်မည်ကို စိုးရိမ်ဟု ပြင်သစ်ပြော

မြောက်ကိုရီးယားအနေနဲ့ အိုလံပစ်ပွဲတော်အပြီး ရန်စတဲ့လုပ်ရပ်တွေ ဆက်လုပ်မှာကို စိုးရိမိတယ်လို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားပါတယ်။ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ဟာ ဇန်နဝါရလ ၂၇ ရက်နေ့က တိုကျိုမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြေကြားခဲ့တာပါ။ “မြောက်ကိုရီးယားဟာ အိုလံပစ်ပွဲအပြီးမှာ နောက်ထပ်ရန်စမှုတွေ၊ ဒုံးကျည်စမ်းသပ်မှုတွေ လုပ်နိုင်တယ်ဆိုတဲ့ ကိစ္စကို ကျနော် ဖယ်ထုတ်စဉ်းစားမထားပါဘူး။ လောလောဆယ်ကတော့ တကယ့်ကို ကျက်သရေရှိတာတဲ့ ကာလကြီးပေါ့။ အားကစားကျက်သရေနဲ့ ပြည့်စုံနေတဲ့ကိစ္စက အသိအမှတ်လည်းပြုသင့်ပါတယ်။ ဒါပေမယ့် အားကစားပွဲအပြီးမှာ အချိန်ကာလဆိုတာ ဆက်ရှိနေဦးမှာဖြစ်ပြီး၊ နောက်ထပ် စမ်းသပ်ရန်စမှုတွေ လုပ်နိုင်တယ်ဆိုတာကို ကျနော်ပစ်ပယ်မထားပါဘူး။” လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး  ယွန်ယူဗလီဒရီယွန် က ပြောကြားသွားပါတယ်။
4 years Ago
Up