အိုလံပစ်ပွဲတက်မည့် မြောက်ကိုရီးယားအဖွဲ့ကို ထိပ်တန်းအစိုးရခေါင်းဆောင်များ ဦးဆောင်မည်

February 5, 2018

အိုလံပစ်ပွဲတက်မည့် မြောက်ကိုရီးယားအဖွဲ့ကို ထိပ်တန်းအစိုးရခေါင်းဆောင်များ ဦးဆောင်မည်

တောင်ကိုရီးယားနိုင်ငံ ပြုံချန်း ဆောင်းရာသီ အိုလံပစ်ပွဲကို တက်ရောက်မယ့် မြောက်ကိုရီးယား အဆင့်မြင့် အစိုးရကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယား ထိပ်တန်း အစိုးရခေါင်းဆောင်တွေက ဦးဆောင်လိမ့်မယ်လို့ တောင်ကိုရီးယားအစိုးရရဲ့ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။ မြောက်ကိုရီးယား ကွန်မြူနစ်ပါတီ ဥပဒေပြုရေးကော်မတီ ဥက္ကဋ္ဌ ကမ်ယောင်နမ်က အဆင့်မြင့် အစိုးရကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး သောကြာနေ့ကနေ လာမယ့် တနင်္ဂနွေနေ့အထိ တောင်ကိုရီးယားကို လာရောက်မယ်လို့ မြောက်ကိုရီးယားက တောင်ကိုရီးယားကို အသိပေးထားတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့မှာ အစိုးရကိုယ်စားလှယ် ၃ ဦးနဲ့ အရာရှိ ၁၈ ဦး ပါဝင်မယ်လို့ သိရပါတယ်။ အစိုးရကိုယ်စားလှယ် ၃ ဦး ဘယ်သူဘယ်ဝါဆိုတာကို မသိရသေးပါဘူး။ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား ဆွေးနွေးပွဲမှာ ပြုံးချန်းအိုလံပစ်ပွဲကို အားကစားသမားတွေနဲ့ အဆင့်မြင့်အစိုးရ ကိုယ်စားလှယ်တွေ စေလွှတ်ဖို့ မြောက်ကိုရီးယားက သဘောတူခဲ့ပါတယ်။
3 years Ago
Up