၂၀၁၆ အိုလံပစ်ပွဲကို ရီယိုဒီဂျနေးရိုးမြို့မှာ လက်ခံကျင်းပခွင့်ရဖို့ အမေရိကန်ဒေါ်လာ ၂ သန်း လာဘ်ထိုးခဲ့တယ်လို့ ဘရာဇီးမြို့တော်ဝန်ဟောင်းက တရားရုံးမှာ ထွက်ဆိုလိုက်ပါတယ်။
ဇူလိုင်လ ၄ ရက်က ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာ မြို့တော်ဝန်ဟောင်း ဆယ်ယူဂတ်ဘရာအိုက သူဟာ အဲဒီငွေကို နိုင်ငံတကာ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း လာမင်းဂျက်ကို ပေးခဲ့ပြီး အဲဒီငွေနဲ့ မဲ ၉ မဲကို ၀ယ်ခဲ့တယ်လို့ ပြောပါတယ်။
ရီယိုဒီဂျနေးရိုး မြို့တော်ဝန်ဟောင်းရဲ့ ထွက်ဆိုချက်နဲ့ပတ်သက်ပြီး လာမင်းဂျက်နဲ့ သူ့ ဥပဒေအဖွဲ့ကို ချက်ချင်းချက်သွယ်လို့ မရသေးပါဘူး။
ဘရာဇီးအိုလံပစ်ကော်မတီ အကြီးအကဲနဲ့ ပွဲဖြစ်မြောက်ရေး အဓိက စီစဉ်သူတို့ဟာ ရီယိုဂျနေးယိုး ကိုယ်စားလှယ်နဲ့ နိုင်ငံတကာ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ လာမင်းဂျက်တို့ကို မိတ်ဆက်ပေးပြီး ၂၀၀၉ ခုနှစ် မဲခွဲဆုံးဖြတ်မှု မတိုင်မီ လာမင်းဂျက်ကို လာဘ်ထိုးခိုင်းခဲ့ပါတယ်။
ဒါကြောင့်မို့ မဲခွဲဆုံးဖြတ်ရာမှာ မက်ဒရစ်၊ ချီကာဂိုနဲ့ တိုကျိုမြို့တွေကို ကျော်ဖြတ်ပြီး ရီယိုဒီဂျနေးယိုးမြို့ဟာ အိုလံပစ်ပြိုင်ပွဲ လက်ခံကျင်းပခွင့် ရခဲ့တယ်လို့ မြို့တော်ဝန်ဟောင်း ဘရာအိုက ထွက်ဆိုခဲ့တာပါ။
အကျင့်ပျက်ခြစားမှုနဲ့ သူနဲ့ဇနီးသည်တို့ ရင်ဆိုင်နေရတဲ့ ပြစ်ဒဏ်ကို လျော့ပေါ့မယ်လို့ မျှော်လင့်ပြီး မြို့တော်ဝန်ဟောင်း ဘရာအိုက အခုလို ထွက်ဆိုခဲ့တာဖြစ်ပါတယ်။
2 years Ago